ရန်ကုန်တိုင်းဒေသကြီး အခြေပြု ကမ်းဝေးငါးဖမ်း ရေယာဉ်များမှ တစ်ရက်လျှင်  ငါး ပုစွန်ပိဿာချိန် ငါးသိန်းခန့် ဖြန့်ဖြူးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး အခြေပြု ကမ်းဝေးငါးဖမ်း ရေယာဉ်များမှ တစ်ရက်လျှင်  ငါး ပုစွန်ပိဿာချိန် ငါးသိန်းခန့် ဖြန့်ဖြူးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအခြေပြု ကမ်းဝေးငါးဖမ်းရေယာဉ်များမှ ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များကို ငါးတင်ငါးချဆိပ်ကမ်း များမှတစ်ဆင့် တစ်ရက်လျှင် ငါး၊ ပုစွန် ပိဿာချိန် ငါးသိန်းခန့်    ဖြန့်ဖြူးလျက် ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''ရန်ကုန်တိုင်းဒေသကြီးအခြေပြု ကမ်းဝေးငါးဖမ်းရေယာဉ်တွေက ရန်ကုန်တိုင်း ဒေသကြီးမှာရှိတဲ့ ငါးတင်ငါးချဆိပ်ကမ်း ရှစ်ခုနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေပါ တယ်။ ဖမ်းဆီးရမိတဲ့ ငါး၊ ပုစွန်တွေကို ငါးတင်ငါးချ ဆိပ်ကမ်းတွေကတစ်ဆင့် ပြည် တွင်းစားသုံးသူတွေကို ရောင်းချသလို ငါးပိ၊ ငါးခြောက်လုပ်ငန်းနဲ့ ပြည်ပပို့ကုန် လုပ်ငန်းလုပ်ကိုင်သူတွေကိုလည်း ရောင်းချပေးပါတယ်။ ပွင့်လင်းရာသီကစပြီး တစ်ရက်ကို ငါး၊ ပုစွန်ပိဿာချိန် ငါးသိန်းလောက် ရောင်းချပေးနေပါတယ်''ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များ အသင်းမှ  တာဝန်ရှိသူတစ်ဦးကပြောသည်။

ငါးဖမ်းရာသီတွင် ရန်ကုန်တိုင်းဒေသ ကြီးအခြေပြု  ငါးဖမ်းရေယာဉ် အစင်းရေတစ်ထောင်ခန့်ရှိပြီး  ပွင့်လင်းရာသီမှစ၍ ငါး၊ ပုစွန်စတင်ဖမ်းဆီးကြောင်း သိရသည်။

လက်ရှိတွင်    ရန်ကုန်တိုင်းဒေသကြီး အခြေပြု   ကမ်းဝေးငါးဖမ်း စက်လှေ တစ်ထောင်ခန့်သည် တစ်လအတွင်း ဒီဇယ် လိုအပ်ချက်တန်ချိန်   ၁၇ဝဝဝ  ခန့်ရှိပြီး အောက်တိုဘာလမှ မတ်လအထိ ခြောက်လအတွက် ဒီဇယ်လိုအပ်ချက်မှာ ၁ဝ၂ဝဝဝ ခန့်ရှိ၍ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ နိုင်ရန်   တာဝန်ရှိသူများထံ    တင်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပင်လယ်ငါး၊ ပုစွန်များကို  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ကမ်းဝေး ငါးဖမ်း ရေယာဉ်များဖြင့်  ဖမ်းဆီးကြောင်း သိရသည်။