ကွန်မန်ဒိုတွေအတွက် တရုတ်ရဲ့ ရဟတ်ယာဉ်အသစ်

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကတော့ နောက်ဆုံးပေါ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အသစ်ဖြစ်တဲ့ Aviocopter Z-8L ကို ထုတ်ဖော်ပြသလိုက်ပါပြီ။ အလေးချိန် ၁၅ တန် ရှိတဲ့ အဲဒီရဟတ်ယာဉ်ဟာ လေကြောင်းချီ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့အတူ  တပ်တော်ဝင် လာဖွယ်ရှိပါတယ်။

ဒါ့အပြင် အဲဒီရဟတ်ယာဉ်ဟာ ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးမစ်ရှင်တွေ အပါအဝင် အမျိုးမျိုးသော မစ်ရှင်တွေအတွက်လည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။ Leonardo AW101 Merlin နဲ့ ခပ်ဆင်ဆင်တူတဲ့ ဒီရဟတ်ယာဉ်က AC313 အရပ်ဘက်သုံးရဟတ်ယာဉ်ရဲ့ မျိုးကွဲဖြစ်ပြီး ပြင်သစ်နိုင်ငံထုတ်  SA 321 Super Frelon ရဟတ်ယာဉ်ပုံစံကို  တုပထားတာ ဖြစ်တဲ့အပြင် WS-6 အင်ဂျင်သုံးလုံးကို အသုံးပြုထားတာဖြစ်ပါတယ်။

တရုတ်စစ်ဘက်က အဲဒီရဟတ်ယာဉ်ရဲ့ တည်ငြိမ်မှုနဲ့ စိတ်ချရမှုတွေကို မကြာသေးမီက စမ်းသပ်ခဲ့ပါတယ်။  အဲဒီစမ်းသပ်မှုမှာ   ဘီးရှစ်လုံးတပ် ဘက်စုံသုံး တိုက်ခိုက်ရေးယာဉ် တစ်စီးကို မတင်မှုလည်း  ပါဝင်ပါ တယ်။

သူ့မှာတပ်ဆင်ထားတာတွေက  ရေဒါသတိပေး လက်ခံစနစ်၊ အနီအောက်ရောင်ခြည်သုံး တည်ကြက် ထုတ်လွှတ်မှုစနစ် အပါအဝင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးစနစ်များတာကြောင့်  တရုတ်စစ်ဘက် က လက်ရှိအသုံးပြုနေတဲ့ ရဟတ်ယာဉ်တွေထက် ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်စွမ်း ပိုမိုမြင့်မားပါတယ်။

အဓိကအားဖြင့် ကွန်မန်ဒိုလို့ခေါ်တဲ့ လေကြောင်းချီ တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားစစ်ကစားနိုင် စွမ်းကို တိုးမြှင့်ပေးနိုင်ဖို့ရည်ရွယ်ပြီး Z-8L ရဟတ်ယာဉ်တွေကို ထုတ်လုပ်ထားတာပါ။ ဒါ့အပြင် ကွန်မန်ဒိုတွေအနေနဲ့ မြေမျက်နှာပြင် အမျိုးမျိုးမှာသာမက ပင်လယ်ပြင်ဖြတ်ကျော် စစ်ဆင်ရေး တွေမှာပါ တိုက်ပွဲဝင်နိုင်စေဖို့အတွက် အဲဒီရဟတ်ယာဉ်က ကူညီပေးမှာဖြစ်ပါတယ်။

အကယ်၍ စစ်ဆင်ရေးတွေကို ကျွန်းကြီးများ ဒါမှမဟုတ် ကျောက်တန်းများ အနီးဝန်းကျင်မှာလုပ်ရ မယ်ဆိုရင် သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေက အဲဒီရဟတ်ယာဉ်တွေကို တင်ဆောင်ခြင်းအားဖြင့် ကွန်မန်ဒိုတွေဟာ သူတို့ရဲ့တိုက်ခိုက်နိုင်တဲ့ ဧရိယာကို အခုထက်ပိုပြီး ချဲ့ထွင်နိုင်စေမှာဖြစ်ပါတယ်။           နွေဦး