စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးများပြုလုပ်

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးများပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၆
    
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀- ၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည် အစည်း အဝေးများကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးကြပ်ရေးမှူးရုံး၌လည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာ ပင်မြို့နယ်၊ အမှတ်(၁)အောင်ဇေယျစစ်မှုထမ်းဟောင်း အိမ်ရာတို့၌လည်းကောင်း အသီးသီး ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဆန်၊ ဆီ၊ ဆားပဲ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ အသီးသီး ထောက်ပံ့ပေးအပ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အစည်းအဝေးများကို အစီအစဉ်အတိုင်း ဆက်လက် ပြုလုပ်ကြ သည်။
    
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။