စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၁) ကျင်းပ 

စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၁) ကျင်းပ 

နေပြည်တော်၊ အောက်တိုဘာ - ၂၆

တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြု နိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်း ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂၀၂၁) “Conference on Science and Technology Development-2021 (CSTD-2021)” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဉီးလွင်တပ်နယ်၊ စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေ ပညာဗဟိုဌာန ၊၅ ထပ်စာသင်ဆောင်ရှိ Multifunction Hall၌ ကိုပစ် -၁၉ ကူးစက်ရောဂါစည်းကမ်း သတ်မှတ်ချက်များနှင့်အညီစတင်ကျင်းပပြုလုပ်သည်။

အဆိုပါ ကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်မျိုးတင်၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခ များ၊  တပ်နယ်မှ မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော သင်တန်း သားအရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြပြီး ကိုယ်တိုင်လာရောက် စာတမ်းမဖတ်ကြားနိုင်သော Keynote speaker များ ၊အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်ပါမောက္ခများလည်း video Conferencing ဖြင့်တက်ရောက်ကြ သည်။

ဉီးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကား ပြောကြား ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ တင်သွင်းခင်းကျင်းပြသ ထားသည့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှုရာ ပိုစတာရှင် များမှ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဖိတ်ကြားထားသောပါမောက္ခများ၏ စာတမ်း ၂ စောင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၄ စောင်၊  စုစုပေါင်း ၅၆ စောင်  အား ဖတ်ကြားခဲ့သည်။

အဆိုပါ သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်( ၂၀၂၁) ကို အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော Keynote Speaker စာတမ်း ၂ စောင်၊ အထူးစာတမ်း ၆ စောင် အပါအဝင် စုစုပေါင်း စာတမ်း ၅၀ စောင်ကို ဆက်လက်ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ အကောင်းဆုံး စာတမ်း ၆ ဆုနှင့်အကောင်းဆုံးပိုစတာဆု ၂ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။