အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ ရည်မွန်၏ ခိုင်းစေမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာတွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် အထက(၁) ကျောင်းတို့အား လက်လုပ်ဗုံးများဖ

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ ရည်မွန်၏ ခိုင်းစေမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာတွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် အထက(၁) ကျောင်းတို့အား လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခဲ့သူများအား လက်နက်/ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ- ၂၆
    
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံ များအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ    အောက်တိုဘာလ ၄ ရက်တွင် PDF အဖွဲ့များအားထောက်ပံ့ပေးသည့် ဟင်္သာတမြို့၊ တာလေးရပ်ကွက်၊ လင်းလွန်းပင်(၂)လမ်းနေ အိသက်ပိုင်(၃၁)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၇ ရက်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီစုကျေးရွာ၌ KNLA တပ်မဟာ(၃)တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့သူ ဝင်းနိုင်(၄၆)နှစ်အား ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဝင်းနိုင် ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၈ ရက်တွင် အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲအုပ်စု၊ ရေကျော်ကျေးရွာ၊ ခိုင်သဇင်လမ်းနေ ထူးထူးပိုင် (၁၈)နှစ်အား လက်လုပ်မိုင်း ၁ လုံး၊ ယမ်းမှုန့် ၂၀ ကျပ်သား၊ ဖောက်ခွဲရေး ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ထူးထူးပိုင် ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၈ ရက်တွင် ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၌ သန့်စင်(၃၅)နှစ်အား လည်းကောင်း၊ အောက်တိုဘာလ ၉ ရက်တွင် မြန်အောင်မြို့နယ်၊ သဲဖြူကွင်းကျေးရွာ၌ သူသူအောင်ငြိမ်း (၃၅)နှစ်အား လည်းကောင်း၊ ဇလွန်မြို့၊လမ်းမတော်မြောက်ရပ်ကွက်၊ ပုပ္ပါးလမ်း၌ သန့်ဇော်(၄၇)နှစ်အား လည်းကောင်း၊ ဇလွန်မြို့၊ လမ်းမတော်မြောက် ရပ်ကွက်၊ ပိတောက်(၅)လမ်း၌ ဇာနည်စုနိုင်(၃၂)နှစ်အား လည်းကောင်း၊ ဟင်္သာတ မြို့နယ်၊ ရဲကွင်းကျေးရွာ၌ ဇင်မာဝင်း(ခ)ဇင်မာ အား လည်းကောင်း၊ လဟာကျော် ကျေးရွာ၌ အိအိမွန် အား လက်လုပ်သေနတ် ၂ လက်၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ သန့်စင် ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၉ ရက်တွင် အောင်ဇော်ဦး(၃၈)နှစ်အား ကြံခင်းမြို့နယ်၊ ကလို့ကွင်းကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး တရားခံ အောင်ဇော်ဦး၏ ထွက်ဆိုချက်အရ ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာ အနီး၌ လက်နက်/ခဲယမ်းများ ဝှက်ထားကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှင်းလင်းခဲ့ရာ MK-12 ၁၁ လက်၊ M-22  ၈ လက်၊ M-16  ၃ လက်၊   ၅.၅၆ ကျည် ၃၄၈ တောင့်၊ ၇.၆၂ ကျည် ၁၃၀ တောင့်၊ AK-47 ကျည် ၆၀၀ တောင့်၊ ပြောင်းချောကျည် ၁,၁၂၀ တောင့်၊ နင်းမိုင်းအသေး ၃ လုံး၊ နင်းမိုင်းအကြီး(ယမ်းမပါ)  ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ်မျိုးစုံ  ၄၂  ခု၊ MK-12 ပြောင်း(အပို) ၂၁ ချောင်း၊  MK-12 လက်ကိုင် ၃ ခု၊ ယမ်းထုပ် ၄ ထုပ်၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၇ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။
    
တရားခံ အောင်ဇော်ဦး ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၀ ရက် တွင် ကြံခင်းမြို့နယ်၊ အိုးဖိုကုန်းကျေးရွာ၌ ပိုင်ဇင်ဖြိုး(ခ)ပိုင်ကြီး(၁၉)နှစ် အား လည်းကောင်း၊ သစ်ဆိမ့်ကုန်းကျေးရွာ၌ ဟိန်းထက်ကျော်(ခ)ဖိုးလပြည့်(၁၆)နှစ်အား လည်းကောင်း၊ တရားခံဝင်းနိုင်၏ ထွက်ဆိုချက်အရ အင်္ဂပူမြို့နယ်၊ ရေကျော်ကျေးရွာ၌ ချစ်ကိုကို(ခ)ချစ်ကို(၃၈)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဇာနည်စုနိုင် ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၁ ရက်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်၌ ဥမ္မာငြိမ်းချမ်းဦး(၃၈)နှစ်အား လည်းကောင်း၊ လမ်းမတော်တောင်ရပ်ကွက်၌ သီဟထွန်း(၃၁)နှစ်အား လည်းကောင်း၊ ဇလွန်မြို့နယ်၊ နံ့ကုလားကျေးရွာ၌ ဝေဝေအောင်(၃၀)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဝင်းနိုင် ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၁ ရက်တွင် အင်္ဂပူမြို့၊ (၃)ရပ်ကွက်၌ ဌေးဝင်း(၅၆)နှစ်အား လည်းကောင်း၊ ဇေယျကွက်သစ် ရပ်ကွက်၌ လှသိန်း(၆၇)နှစ်အား လည်းကောင်း၊ အင်္ဂပူမြို့နယ်၊ အောင်ရွာကြီးကျေးရွာ ၌ မြတ်စံ(၅၂)နှစ်နှင့် ဖိုးသာအောင်(၆၅)နှစ် တို့အား လည်းကောင်း၊ မကျီးစုကျေးရွာ၌ မြင့်စိုး(၅၇)နှစ်အား လည်းကောင်း၊ မဲဇလီစုကျေးရွာ၌ ဇော်မင်း(၄၈)နှစ်၊ သောင်းလင်း (၃၃)နှစ်၊ ကောင်းမြတ်ထက်(၃၀)နှစ်နှင့် မြင့်မြင့်ဝင်း(၃၇)နှစ် တို့အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဝေဝေအောင် ၏  ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၂ ရက်တွင် ဇာနည်စုနိုင် ပေးအပ်ထားသော လက်လုပ်မိုင်း ၅ လုံးအား ဝေဝေအောင်၏ နေအိမ်မှ သိမ်းဆည်းရမိခဲ့သည်။
    တရားခံ အောင်ဇော်ဦး ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများ အင်္ဂပူမြို့နယ်၊ ဘုန်းကြီးစပ်ကျေးရွာရှိ တောင်ယာတဲတစ်လုံး၌ တည်းခိုခဲ့ကြောင်း သိရှိရသည့်အတွက် သွားရောက်ရှာဖွေခဲ့ရာ အောက်တိုဘာလ ၁၀ ရက်တွင် နိုင်လင်းအောင်(၃၂)နှစ်နှင့်  ယွန်းအိအိအောင်(ခ)ယွန်းယွန်း (၂၁)နှစ်တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ အောင်ဇော်ဦး၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၆ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ကောင်းခန့်ကျော်(၂၅)နှစ်နှင့် လင်းသိုက်အောင်(ခ) လင်းသိုက် (၂၃)နှစ်တို့ ၂ ဦးအားမြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအနီးတွင် ၉ မမပစ္စတို ၁လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမကျည် ၃ တောင့်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား၂၁ ဦး၊ မ ၈ ဦး၊ ပေါင်း ၂၉ ဦး၊ MK-12 ၁၁ လက်၊ M-22  ၈ လက်၊ M-16  ၃ လက်၊ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ်၂ လက်၊ ကျည်မျိုးစုံ ၂,၁၀၃ တောင့်၊ နင်းမိုင်းအသေး ၃ လုံး၊ နင်းမိုင်းအကြီး(ယမ်းမပါ) ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၄၃ ခု၊  MK-12 လက်ကိုင် ၃ ခု၊ MK-12 ပြောင်း(အပို) ၁၁ ချောင်း၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၇ ခုတို့အား သိမ်းဆည်း ရမိခဲ့သည်။
    
ဖမ်းဆီးရမိတရားခံများ ၏ ထွက်ဆိုချက်အရ ဝင်းနိုင်၊ အောင်ဇော်ဦးနှင့် လင်းသိုက်အောင် တို့သည် KNLA တပ်မဟာ(၃)၌ လည်းကောင်း၊ ကောင်းခန့်ကျော် သည် မြဝတီမြို့နယ်၊ လေးကစ်ကော်အနီး KNLA တပ်မဟာ(၆)တွင် လည်းကောင်း ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ KNLA တပ်မဟာ(၆)တွင် သင်တန်း တက်ရောက်ခဲ့သည့် ဖမ်းဆီးရန်ကျန်တရားခံ ကိုတောက်နှင့် တာတေ တို့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၌ ဆိပ်သာတောအတွင်း ဖောက်ခွဲဖျက်ဆီးရေးဆင့်ပွား သင်တန်းအား သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    
တရားခံ အောင်ဇော်ဦး ၏ ထွက်ဆိုချက်အရ ဇူလိုင်လတွင် စင်္ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန် တရားခံ စိုးထွန်း ၏ ချိတ်ဆက်ပေးမှု မှတစ်ဆင့် NUG မှ ဖမ်းဆီး ရန်ကျန် တရားခံ ရည်မွန်နှင့် အဆက်အသွယ်ရရှိခဲ့ပြီး ရည်မွန်မှ အောင်ဇော်ဦးအား ဟင်္သာတခရိုင်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ဟင်္သာတခရိုင် (Special Task Force) တာဝန်ခံအဖြစ် တာဝန်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။    တရားခံ ဇာနည်စုနိုင် ၏ ထွက်ဆိုချက်အရ ရန်ကုန်မြို့တွင် တိမ်းရှောင် နေထိုင်လျက်ရှိသော ဇလွန်မြို့နယ် NLD ပါတီမှ ဖမ်းဆီးရန်ကျန် တရားခံ ဝိုင်းမောင်စိုး (ခ)ဝကြီးထံမှ ဒီတိုနေတာ ၆၀ ခုတို့အား ဇလွန်မြို့နယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သွားရောက်ယူဆောင်ခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ စည်သူအောင် ထံတွင် သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    
တရားခံ အောင်ဇော်ဦး ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၈ ရက်တွင် KNLA တပ်မဟာ(၆)၌ ပုန်းခိုနေသော ဖမ်းဆီးရန်ကျန် တရားခံ ကိုကြည် မှ ပြည်မြို့အထွက်သို့ လက်နက်/ခဲယမ်းများ တင်ဆောင်လာသည့် ဟိုင်းလတ်ယာဉ်အား ဖမ်းဆီးရန်ကျန် တရားခံ ရေခဲ အား ချိတ်ဆက်ပို့ဆောင်စေခဲ့ရာ ဖမ်းဆီးရန်ကျန် တရားခံ ကိုတောက်နှင့် တာတေတို့မှ သွားရောက် ယူဆောင်ခဲ့ပြီး ဆိပ်သာရွာအနီးရှိ တောအတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁ ရက်တွင် ကောင်းခန့်ကျော်မှ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဦးဝင်းညွန့်အောင် (၃၆)နှစ်အား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာလ ၄ ရက်တွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့နှင့် အထက(၁)ကျောင်းဘေးတို့တွင် လက်လုပ်ဗုံး ၃ လုံးအား ဖောက်ခွဲခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သော NUG မှ ရည်မွန် အနေဖြင့် ဇလွန်မြို့နယ် NLD ပါတီမှ ဝိုင်းမောင်စိုး(ခ)ဝကြီး မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထုအား အကြောက်တရားဖြင့် ထိန်းချုပ်နိုင်ရေး အတွက် ခရိုင်အလိုက် အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်း၍ ဆောင်ရွက်ခိုင်းစေထား ကြောင်း ဖော်ထုတ်သိရှိရသည်။
    
အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။