တုပ်ကွေးရောဂါ

ဖတ်စရာ မှတ်စရာ မြန်မာ့ဆေးနည်းတို

တုပ်ကွေးရောဂါ

ရာသီဥတုအကူးအပြောင်းတွင် ဖြစ်ပွားလေ့ရှိသောကူးစက်ရောဂါအဖျားနှင့်အညောင်းအကိုက် တွဲဖြစ်သည်။

-           ကွမ်းရွက်၊ ချင်း၊ ထန်းလျက်ပြုတ်ရည်တွင်ဆားလှော်အနည်းငယ်ထည့်သောက်၊ ချွေးအောင်းပေးပါ။

-           ရှမ်းဆေးခါးပင်  (အစို၊  အခြောက်)ကို ထန်းလျက်ဖြင့် ကျိုသောက်ပါ။

-           ချင်းခြောက်အမှုန့်၊ ကွမ်းရွက်ခြောက်၊ ကျပ်ခိုးသုံးမျိုးပြုတ်ရည်တွင် ဆားလှော်အနည်းငယ်ထည့် ပူပူသောက်၊ ချွေးအောင်း ပေးပါ။

-           စမုန်စပါးရွက်ကို ဘဲဥနှင့်ရောကြော်စားလျှင်တုပ်ကွေးညောင်းကိုက်များ သက်သာသည်။

-           ဆူးပန်းရွက်၊ ပူဒီနာရွက်အစိမ်းကို အရည်ညှစ်၊သတ္တုရည်ကို ဆားလှော်အနည်းငယ်ထည့်သောက်ပါ။

ကြည်လွင်မြင့်(မုဒြာ)