ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၀၀၃ ဦးထပ်တိုး

နေပြည်တော် အောက်တိုဘာ ၂၇

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၀၀၃ ဦးထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၆-၁၀-၂၀၂၁ ရက် ည ၈ နာရီမှ ၂၇-၁၀-၂၀၂၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၀၅၉၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၀၃ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၄ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၄၇၉၁၈၄၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်- ၁၉ ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၄၉၆၉၀၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၆၅၉ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၆၁၈၈၃ ဦးဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၁ ဦး ရှိသဖြင့် ယနေ့အထိသေဆုံးသူစုစုပေါင်း ၁၈၆၀၃ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၆-၁၀-၂၀၂၁ ရက်အထိ လူဦးရေ စုစုပေါင်း ၁၂၇၉၈၃၂၂ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၆၄၂၉၀၅၉ ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၆၃၆၉၂၆၃ ဦး ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၆-၁၀-၂၀၂၁ ရက်အထိ  မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၉၂၂၇၃၈၁ ကြိမ် ထိုးနှံပြီးဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။                  

    (၅၀၀)