ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၈
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကို ယနေ့တွင် ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရှမ်းအရှေ့)ရုံး၌ ပြုလုပ် ရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်  မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက် အစည်းအဝေး တွင် တက်ရောက်လာကြသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆောင်ရွက်နေ သည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆေွးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။