ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးခဲ့ကြသည့် တပ်မတော်မှ ဆေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးခဲ့ကြသည့် တပ်မတော်မှ ဆေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ - ၂၈
    
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် နယ်မြေခံတပ်မတော် ဆေးရုံများမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ဆေးဘက်ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ် ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ဆေးဘက်ပညာရှင်များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။