တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊  ၆၁ / ၂၀၂၁

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်    ၈   ရက်

 (၂၀၂၁   ခုနှစ်၊ အောက်တိုဘာလ  ၂၈  ရက်)

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကိုပြဌာန်းလိုက်သည်။

၁။       ဤဥပဒေကို တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။       တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုး ရမည်-

          “၄။     တရားလွှတ်တော်ရှေ့နေများကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

                    (က) ပြည်ထောင်စုဝန်ကြီး/ပြည်ထောင်စုရှေ့နေချုပ်          ဥက္ကဋ္ဌ

                            ဥပဒေရေးရာဝန်ကြီးဌာန

                    ( ခ) ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းသော           ဒုတိယဥက္ကဋ္ဌ

                            ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦး          

                    ( ဂ) ဒုတိယဝန်ကြီး/ဒုတိယရှေ့နေချုပ်           အဖွဲ့ဝင်

                            ဥပဒေရေးရာဝန်ကြီးဌာန

                    (ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမည်စာရင်း           အဖွဲ့ဝင်

                            တင်သွင်းသော တရားလွှတ်တော်ရှေ့နေ သုံးဦး

                    ( င) ပြည်ထောင်စုဝန်ကြီး/ပြည်ထောင်စုရှေ့နေချုပ်က          အဖွဲ့ဝင်

                            အမည်စာရင်းတင်သွင်းသော တရားလွှတ်တော်ရှေ့နေ သုံးဦး

                    ( စ) ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်           အဖွဲ့ဝင်

                    (ဆ) ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန          အတွင်းရေးမှူး”

၃။       တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၅ ကို ပယ်ဖျက်ရမည်။

၄။       တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၂၀ နှင့် ပုဒ်မ ၂၁ ပါ “ပြည်ထောင်စု ရှေ့နေချုပ်ရုံး” ဆိုသည့်စကားရပ်အား “ဥပဒေရေးရာဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရ မည်။

၅။       တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ၂၂ ကို အောက်ပါအတိုင်းအစားထိုး ရမည်-

          “၂၂။    ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် တရားလွှတ်တော်ရှေ့နေ များကောင်စီ အဖွဲ့ဝင်များအတွက် စရိတ်ချီးမြှင့်ငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်  သတ်မှတ်ပေးရမည်။”

 

 

          ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ