ရုရှားရေတပ်မှ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် စစ်ရေယာဉ် ပြန်လည်ထွက်ခွာ

ရုရှားရေတပ်မှ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် စစ်ရေယာဉ် ပြန်လည်ထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၃၀ 
    
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလာရောက်သည့် ရုရှားရေတပ်ပစိဖိတ်စစ်ရေယာဉ်စု Russian Pacific Fleet မှ Captain Andrey KUZNETSOV ဦးဆောင်သော စစ်ရေယာဉ်- Gremyashiy  သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
    
အဆိုပါစစ်ရေယာဉ်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Captain Andrey KUZNETSOV  ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း (၁၁၅) ဦးတို့ လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာ (၂၈) ရက်မှ ယနေ့အထိ သုံးရက်ကြာနေထိုင်ခဲ့ ကြောင်း သတင်းရရှိသည်။