ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်       ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်       ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်

နေပြည်တော်၊ အောက်တိုဘာ ၃၀ 

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်များစွာမီးလောင်ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များသည် တပ်မတော်က လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ခဲ့ကြောင်း လူမှုကွန်ယက်မီဒီယာများတွင် ဖော်ပြလျက်ရှိကြသည်။ အဆိုပါ သတင်း များနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ညနေ ၅ နာရီတွင် ယခုကဲသို့ ဖြေကြားခဲ့ပါသည်-

အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို မိမိတို့ပြောနေသည့် ပြည်ဖျက် မီဒီယာတွေကနေ ဆောင်ရွက်နေတာတွေကို တွေ့ရတယ်။ လူမှုကွန်ရက်စာမျက်နာပေါ်မှာလည်း ကျယ်ကျယ် ပြန့်ပြန့်ဖြန့်နေတာကို တွေ့ရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မီနစ်လောက်မှာ ထန်ထလန်မြို့မှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မြို့တွင်းလုံခြုံရေးလှည့်ကင်းဆောင်ရွက်ပါတယ်။ လှည့် ကင်းဆောင်ရွက်ရာမှာ ထန်တလန်မြို့အမှတ်(၁)ရပ်ကွက် မြို့လယ်လို့လည်းပြောလို့ရပါ တယ်။ အဲ့ဒီအရောက်မှာ လမ်းဘေးကနေ PDF အမည်ခံအကြမ်းဖက်အဖွဲ့ကနေ လက်လုပ် မိုင်း သုံးလုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်။ လက်နက်ငယ်တွေနဲ့ပစ်ခက်ခဲ့ပါတယ်။ အဲ့လိုပစ်ခက်ခဲ့ တဲ့အတွက် မိမိတို့အနေနဲ့ ပြန်လည်ပစ်ခက်ခဲ့တယ်။ ပြန်လည်ပစ်ခက်တဲ့နေရာမှာ PDF အဖွဲ့ တွေက လူနေအဆောက်အဦးတွေကို အကာအကွယ်ယူပြီး ဆုတ်ပြေးတယ်။ လူနေ အဆောက်လေးလုံးကို နောက်ကနေဆက်လိုက်လာလို့မရအောင် မီးရှို့ပြီး ဆုတ်ပြေးသွား တယ်။ ဖြစ်စဉ်မှာ မိမိတို့အဖွဲ့တစ်ယောက်ကျဆုံးခဲ့တာရှိပါတယ်။ အဲ့ဒီအဖွဲ့တွေ လိုက်ရှင်းပြီး ပြန်လာတဲ့အခါမှာ မီးလောင်နေတာ တွေ့လို့ မီးငြိမ်းသက်ဖို့ အတွက် နောက်ထက်လုံခြုံရေး တပ်ဖွဲ့ဝင်တွေသွားခဲ့တယ်။ သွားတဲ့အခါမှာလည်း လူနေအဆောက်အဦးတွေအကာအကွယ် ယူပြီး မီးငြိမ်းသက်ဖို့လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေကို ပြန် လည်ပစ်ခက်ခဲ့ပါတယ်။ ဒါကြောင့် မီးမငြိမ်းသက်နိုင်ဘဲ မီးလောင်ရခြင်းဖြစ်တယ်။ တပ်မ တော်ကဆောင်ရွက်တာမဟုတ်ဘူး PDF အကြမ်းဖက်အဖွဲ့တွေက လှည့်ကင်းဆောင်ရွက် နေတဲ့အဖွဲ့တွေကို ပစ်ခက်တယ်။ သူတို့နောက်ကို လိုက်ပြီးရှင်းတဲ့အခါမှာ မီးရှို့ထွက်ပြေးခဲ့ တာပြ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နောက်ခံအကြောင်းအရင်းတွေကို ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ယခုလ ၂၁ ရက်နေ့မှာလည်း ထန်တလန်နဲ့ ဟားခါး ဆက်သွယ်ထားတဲ့ တံတားကို ဗုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်။ အဓိကတော့ ထန်တလန်ကို ဆက်သွယ်ရေး ဖြတ်တောက်တာပေါ့။ အဲ့တံတားကို ဘယ်သူတွေ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်ဆိုတာလည်း ပြောစရာမလိုပါဘူး။ သူတို့ကြို တင်ကြုံစီထားတာပါ Viedo File တွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာ တတ်လာတာတွေ့လိပ် မယ်။ အဲ့လိုဖြစ်တဲ့အတွက် ဟားခါးကနေ ထန်တလန်ကို မသွားရောက်နိုင်ခဲ့တာရှိတယ်။ မြို့ထဲမှာ မီးငြိမ်းသက်ဖို့အတွက် သွားရောက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေ ချောင်းမြောင်းပစ်ခက်နေတာရှိပါတယ်။ ဒါဟာ တမင်သက်သက်အကွက်ချပြီး ကြုံစီပြီး လုပ်တာလို့ပြောချင်တယ်။ 
    
ထန်တလန်ရဲ့ အခြေအနေမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်သည် သူ့ရဲ့နဂိုရှိပြီး သားနေရာတွေမှာပဲ နေထိုင်လျက်ရှိတယ်။ မြို့ထဲမှာနေတဲ့ သူတွေလုံခြုံရေးအတွက်ပဲ သတင်းထူးခြားမှုရှိလျင်ကင်းလှည့်တာပဲရှိတယ်။ ထန်တလန်မြို့ထဲမှာ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့တွေကလည်း ပြည်သူလူထုကြားထဲမှာ အဆောက်အဦးတွေကြားထဲမှာ ပြည်သူ လူထုကို အကာအကွယ်ယူပြီး နေထိုင်နေခြင်းဖြစ်တယ်။ သူတို့ဆုတ်ခွာသွားတဲ့ နေရာမှာ လည်း မီးရှို့ပြီး ဆုတ်ခွာသွားတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၃/၄ ရက်ကလည်း NUG အကြမ်းဖက် အဖွဲ့က အမြဲတမ်း မီဒီယာတွေမှာ ထွက်ပြီးအကြမ်းဖက်လှုပ်ဆော်နေတဲ့ သူတို့ရဲ့ဝန်ကြီး ဆိုတဲ့လူတစ်ယောက်ပြောခဲ့တာရှိတယ်။ လွန်ခဲ့တဲ့ ၃/၄ ရက်ကပြောခဲ့တာကို သတိထားမိ မှာဖြစ်ပါတယ်။ သူပြောခဲ့တဲ့ စကားထဲမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် PDF အဖွဲ့တွေကဆိုရင် လွတ်လွတ်လပ်လပ် သွားလို့ရနေပြီ တပ်ကမလွမ်းမိုးနိုင်တော့ဘူးလို့ ပြောခဲ့တာရှိပါတယ်။ ဒီစကားတွေကို ထောက်ထားခြင်းဖြင့် ထန်တလန်မြို့မှာ ပြည်သူလူထု ကို အကာအကွယ်ယူပြီးတော့ မီးရှို့ဖျက်ဆီးမှုတွေလုပ်တာတွေ၊ လူသားတံတိုင်းသဖွယ်အသုံး ပြုနေတာတွေက PDF အကြမ်းဖက်အဖွဲ့ပါလို့ပြောချင်ပါတယ်။ 
    
ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အသိပေးလိုတာကတော့ PDF အမည်ခံအကြမ်းဖက် အဖွဲ့တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တဲ့ ကိစ္စတွေ မိမိတို့အနေနဲ့ သတင်း ထုတ်ပြန်ပေးလျက်ရှိတယ်။ ဒါအပြင် ခုနောက်ပိုင်းမှာ မြို့ရွာတွေကို ဖျက်ဆီးတဲ့ အဆင့်ထိ ၊ လမ်းတံတားတွေကိူ ဖျက်ဆီးတဲ့အဆင့်ထိ ၊ မြို့ရွာတွေကို ဆက်သွယ်ရေးလမ်းကြောင်းတွေ ကိုဖျက်တောက်ပြီး ပြည်သူ့အသက်အိုးအိမ်းတွေကို သူတို့အကာအကွယ်ရရေးအတွက် မီးရှို့ ဖျက်ဆီးတဲ့ အဆင့်ထိလုပ်ဆောင်လာကြတယ်ဆိုတာကို သိစေလိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းဆန့်ကျင့်သွားဖို့ ၊ လုံခြုံရေးတပ် ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နယ်မြေအေးချမ်းသာယာရေး၊ မိမိ‌ေုသလုံခြုံရေး အတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။