အီတလီစီးရီးအေ ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများကြောင့် လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းမှ အဲရစ်ဆန် ထွက်ခွာရမည်

အီတလီစီးရီးအေ ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများကြောင့် လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းမှ အဲရစ်ဆန် ထွက်ခွာရမည်

အီတလီစီးရီးအေ ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထား သည့် စည်းမျဉ်းများကြောင့် လာမည့်ဇန်နဝါရီကစား သမား အပြောင်းအရွှေ့ကာလတွင်   အင်တာမီလန် အသင်းမှ အဲရစ်ဆန် ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် အဲရစ်ဆန်သည် ဇူလိုင် ၁၂  ရက်က  ယူရို   ၂ဝ၂ဝ  ပြိုင်ပွဲ   အဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့သည့် ဖင်လန်အသင်းနှင့် ဒိန်းမတ်အသင်းတို့ ပွဲစဉ်၌ ပွဲကစားချိန်  ပထမပိုင်း ပြီးဆုံးခါနီးတွင် ကွင်းအတွင်း သတိလစ်မေ့မြောခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် အဲရစ်ဆန်အနေဖြင့် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း    လက်ရှိတွင်  နှလုံးအကူ စက်တပ်ဆင်ထားရပြီး   ကစားသမားဘဝ တစ်လျှောက် နှလုံးအကူ စက်တပ်ဆင်ထားရမည်ဖြစ်သည်။

အီတလီစီးရီးအေ ဘောလုံးအဖွဲ့ချုပ်က နိုင်ငံအတွင်းရှိ ဘောလုံးပြိုင်ပွဲများတွင် နှလုံးပြဿနာများနှင့် ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် စည်းမျဉ်းချမှတ်ထားပြီး နိုင်ငံအတွင်းရှိ လိဂ်အားလုံးတွင် နှလုံးပြဿနာဖြစ်ခဲ့ ဖူးသည့်ကစားသမားများကို   ကစားခွင့်မပေးသည့် အတွက် အဲရစ်ဆန်အနေဖြင့် အင်တာမီလန်အသင်းမှ ထွက်ခွာရမည်ဖြစ်သည်။

အဲရစ်ဆန်သည်   ကစားသမား ဘဝတစ်လျှောက် နှလုံးအကူစက် တပ်ဆင်ထားရမည် ဖြစ်သည့်အတွက်  အီတလီစီးရီးအေ ပြိုင်ပွဲတွင်  ကစားခွင့် ရရှိတော့မည် မဟုတ်ဘဲ တခြားလိဂ်များသို့သာ  ပြောင်းရွှေ့ ကစားရမည်ဖြစ်ကြောင်း သိရသည်။