လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ဗလာဟိုဗစ်ချ်ကို ခေါ်ယူလိုသည့်  အသင်းများတွင် ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်လာ

လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ဗလာဟိုဗစ်ချ်ကို ခေါ်ယူလိုသည့်  အသင်းများတွင် ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်လာ

လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင် ဖီအိုရင်တီးနားအသင်းမှ တိုက်စစ်ကစား သမား ဗလာဟိုဗစ်ချ်ကို ခေါ်ယူလိုသည့်အသင်းများ ၌ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်လာကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ် ဗလာဟိုဗစ်ချ်သည် ပြီးခဲ့ သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက  ဖီအိုရင်တီးနား အသင်းမှ  ထွက်ခွာပြီး ပရီးမီးယားလိဂ်ထိပ်သီး အသင်းများသို့ ပြောင်းရွှေ့ ကစားရန်   ပြင်ဆင်ခဲ့သော်လည်း   ဖီအိုရင်တီးနား အသင်းက  ကမ်းလှမ်းမှုများကို ပယ်ချခဲ့သည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

ဗလာဟိုဗစ်ချ်သည်  ပြီးခဲ့သည့် ဘောလုံးရာသီက ဖီအိုရင်တီးနားအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ကာ အီတလီ စီးရီးအေပြိုင်ပွဲတွင်  ၃၇  ပွဲ အထိ  ပါဝင်ကစားပြီး ၂၁  ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ သုံးကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ပြီး စီးရီးအေပြိုင်ပွဲတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်း အသင်းကြီးများက ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည်လည်း     ယခုဘောလုံး ရာသီ  နည်းပြအယ်ဂလီနီ လက်ထက်တွင်  အသင်း တိုက်စစ်ပိုင်း၌ ရုန်းကန်နေရပြီး စီရော်နယ်ဒိုထွက်ခွာ ခဲ့ပြီး နောက်ပိုင်းတွင်    ရုန်းကန်နေရသောကြောင့် လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလို နေသည့်အတွက် ဗလာဟိုဗစ်ချ်ကို ခေါ်ယူရန် ပြင်ဆင် နေခြင်းဖြစ်သည်။