နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း နှင့် ဗိုလ်ချုပ် ကိုကိုလွင် တို့က စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ် ခြင်းနှင့် သုတေသနလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နှင့် မီးသတ်ယာဉ်များသည် တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံတွင် လိုအပ်လျက်ရှိသည့် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့်  မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်း များတွင်လည်း အသုံးပြုနိုင်သည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီစွာဖြင့် အရေ အတွက် များများထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါ မော်တော်ယာဉ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူး ပေးသွားရန်လိုကြောင်း၊ မော်တော်ယာဉ်များထုတ်လုပ်ရာတွင် ယခုထက်ပိုမို ကောင်းမွန် ပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် နည်းပညာမြင့်ကားများ ထုတ်လုပ်နိုင်ရေး အတွက်လည်း ဆက်လက်သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်းမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများအား ခေတ်မီစက် ကိရိယာများနှင့်နည်းပညာများ အသုံးပြု၍ထုတ်လုပ်လျက်ရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံမှထုတ်လုပ်ထားရှိသည့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်၊ ဆေးဖျန်း ယာဉ် နှင့်ဆီသယ်ယာဉ်များအား ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါတပ်မတော်အကြီးစားစက်ရုံမှ ဂါလံ ၂၀၀၀ နှင့် ၂၂၀၀ ဆန့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နှင့် ဆီသယ်ယာဉ်များ၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နှင့် မော်တော် ယာဉ် ဆက်စပ်ပစ္စည်းများဖြစ်သည့် Jeep Frame နှင့် Bolts & Nuts များအား ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။