၂ဝ၂၁ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဖလား) ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက်အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

၂ဝ၂၁ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဖလား) ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက်အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ၂၉ ရက်မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်   ပြည်နယ်အားကစား ခန်းမ၌ ကျင်းပသည့် ၂ဝ၂၁ ခုနှစ် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် (ဖလား)၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါ   ပိုက်ကျော်ခြင်းပြိုင်ပွဲသည် မွန်ပြည်နယ်အတွင်းအသက်  ၂၅  နှစ်အောက် အမျိုးသား သုံးယောက်တွဲတွင် မြို့နယ်အလိုက် အသင်းအုပ်စု ၁ဝ အုပ်စုနှင့် အမျိုးသမီး နှစ်ယောက်တွဲ အသင်းအုပ်စု ၁ဝ အုပ်စုတို့က  အောက်တိုဘာ  ၂၆ ရက် မှ ၂၈ ရက်ထိ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် မော်လမြိုင် မြို့နယ်အသင်းနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဘီးလင်းမြို့နယ် အသင်းတို့က ပထမဆုများ အသီးသီး အနိုင်ရရှိကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲအသင်းတစ်သင်းချင်း အလိုက် အကောင်းဆုံး အားကစားသမားဆုနှင့် အခြားဆုများကို ချီးမြှင့်ပေးပြီး    ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့်   အသင်းအုပ်စုအား ဆုများ ပေးအပ်သည်။

မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း  တိုးတက်မြင့်မားစေရေး အတွက်  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ် လမ်းညွှန်မှုနှင့်အတူ အားကစားနည်းအလိုက် ဆပ်ကော်မတီများ၏ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်မှု၊ အားကစားသမားများ၏ ဇွဲ၊  စိတ်ဓာတ်၊ လုံ့လတို့ဖြင့် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ယခုကဲ့သို့ မြို့နယ်၊ ခရိုင်အဆင့်မှ ပြည်နယ်အဆင့်ထိ ရွက်ပုန်းသီး အားကစားသမားကောင်းများ   ပေါ်ထွက်လာစေရန်နှင့် အောင်မြင်မှု ရရှိလာစေရန် ရည်ရွယ်ချက်ကောင်း များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။