အိန္ဒိယ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၂၈၃ဝ ထိရှိလာ

အိန္ဒိယ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၂၈၃ဝ ထိရှိလာ

အိန္ဒိယနိုင်ငံ တစ်ဝန်း၌ ပြီးခဲ့သည့် ၂၄ နာရီ အတွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၂၈၃ဝ ဦး အထိရှိလာသည့်အတွက် ရောဂါဖြစ်ပွားသူစုစုပေါင်း ၃၄၂၇၃၃ဝဝ အထိ မြင့်တက်လာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက် အရ သိရသည်။

အောက်တိုဘာ ၃ဝ ရက် နံနက်မှစ၍ ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၄၆ ဦးရှိရာမှ ယခုအခါ ၄၅၈၁၈၆ ဦးအထိ ရှိလာသည်။

သေဆုံးသူများအနက် ၃၅၈ ဦးမှာ ကီရာလာပြည်နယ်မှဖြစ်သည်။ ထို့ပြင် လူဦးရေ ၇ဝ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်- ၁၉ ရောဂါနှင့် အခြားသော ရောဂါများကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

နိုင်ငံအတွင်း၌ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၅၉၂၇၂ ဦး အထိ ရှိနေဆဲဖြစ်သည်။ သို့သော်  ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူ ၂၂၈၃ ဦးသာ ရှိသည့်အတွက် ယင်းပမာဏသည် ရက်ပေါင်း ၂၄၇ ရက်အတွင်း အနိမ့်ဆုံး လျော့ကျလာခြင်းဖြစ်သည်။