ကမ္ဘောဒီးယားက အသက်ငါးနှစ်အရွယ် ကလေးငယ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးပေးမည်

ကမ္ဘောဒီးယားက အသက်ငါးနှစ်အရွယ် ကလေးငယ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးပေးမည်

ကမ္ဘောဒီးယား အစိုးရသည် နိုင်ငံအတွင်းရှိ အသက်ငါးနှစ်အရွယ် ကလေးငယ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက အောက်တိုဘာ ၃ဝ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည်။

ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်ကို အစိုးရက နိုဝင်ဘာ၁ ရက်မှစ၍ ပြည်နယ်နှင့် မြို့ကြီး ၂၅ ခုရှိ အသက်ငါးနှစ်အရွယ် ကလေးငယ်များကို   တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး စတင်ထိုးပေးမည်ဖြစ်သည်။

ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပေးခြင်းကို ၂၈ ရက်ခြား၍ လုပ်ဆောင်သွားမည်ဖြစ်သည်။ ကလေးငယ်များအား ကာကွယ် ဆေးထိုးပေးရာတွင် သက်ဆိုင်ရာ မိဘများက ကလေးငယ်များ၏ မွေးစာရင်း၊ မိသားစု မှတ်တမ်းစာအုပ်စသည့် အထောက်အထားများ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည်   အသက် ခြောက်နှစ်နှင့်အထက် ကလေးသူငယ် ၁၃ ဒသမ ၇ သန်း သို့မဟုတ် နိုင်ငံအတွင်းရှိ ကလေးသူငယ်ဦးရေ၏ ၈၅ ရာခိုင်နှုန်းကို အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးပေးထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။   ၎င်းတို့အနက် ကလေးသူငယ် ၈၁ ဒသမ ၆ ရာခိုင်နှုန်းကို   လိုအပ်သည့် ကာကွယ်ဆေးနှစ်ကြိမ်လုံး ထိုးပေးထားကြောင်း သိရသည်။

ကမ္ဘောဒီးယား နိုင်ငံတွင်  အများဆုံး အသုံးပြုနေသည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ်  Sinovac နှင့် Sinopharm  တို့ဖြစ်သည်။