မန်ယူအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် စပါးအသင်းက နည်းပြဆန်းတို့စ်ကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေ

မန်ယူအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် စပါးအသင်းက နည်းပြဆန်းတို့စ်ကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေ

စပါးအသင်းသည် မန်ယူအသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက်  နည်းပြဆန်းတို့စ်ကို ရာထူးမှထုတ် ပယ်ပြီး နည်းပြအပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း သိရသည်။

အသက်  ၄၇ နှစ်အရွယ်  နည်းပြဆန်းတို့စ်သည် ဝုဗ်အသင်းကို တာဝန်ယူစဉ်က အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသနိုင်ခဲ့၍   ယခုဘောလုံး ရာသီတွင်  ဝုဗ်အသင်းနှင့် လမ်းခွဲကာ စပါးအသင်းနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

စပါးအသင်းနည်းပြသစ်  ဆန်းတို့စ်သည်    ပရီးမီး ယားလိဂ်အဖွင့်ပွဲစဉ် အဖြစ်ကစားခဲ့သည့် မန်စီးတီး အသင်းနှင့်ပွဲစဉ်မှစတင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် သုံးပွဲဆက်အနိုင် ရရှိခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင်   ရှုံးနိမ့်ကာ   ရလဒ်များ ဆိုးရွားနေခြင်းဖြစ်သည်။

စပါးအသင်းသည်  ယခုဘောလုံးရာသီတွင် လန်ဒန် မြို့ခံအသင်းများနှင့် ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်အားလုံး ရှုံးနိမ့်ကာ   ရလဒ်ဆိုးရွားခဲ့ပြီး  ပဲလေ့စ်အသင်းကို ၃ ဂိုး-ဂိုးမရှိ၊ ချယ်လ်ဆီး အသင်းကို ၃ ဂိုး-ဂိုးမရှိနှင့် အာဆင်နယ်အသင်းကို  ၃ ဂိုး-၁ ဂိုး၊   ဝက်စ်ဟမ်း အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အသီးသီး ရှုံးနိမ့်ပြီးနောက် နည်းပြဆန်းတို့စ် အတွက် ဖိအားများ စတင်ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးကစားသည့် ပွဲစဉ်လေးပွဲတွင်လည်း ကာရာဘောင်းဖလားပွဲစဉ်၌သာ  အနိုင်ရရှိပြီး ကျန်သုံးပွဲမှာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။