ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက် ပွဲအနည်းဆုံးဖြင့် အဝေးကွင်းနိုင်ပွဲ ၁ဝ ပွဲ ရယူနိုင်သည့် ဒုတိယမြောက် နည်းပြအဖြစ် နည်းပြတူချယ်လ် မှတ်တမ်းဝင်

ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက် ပွဲအနည်းဆုံးဖြင့် အဝေးကွင်းနိုင်ပွဲ ၁ဝ ပွဲ ရယူနိုင်သည့် ဒုတိယမြောက် နည်းပြအဖြစ် နည်းပြတူချယ်လ် မှတ်တမ်းဝင်

ပရီးမီးယားလိဂ် ပွဲစဉ်(၁ဝ) အဖြစ်ကစားခဲ့သည့် နယူးကာဆယ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက  နိုင်ပွဲရယူနိုင်ပြီးနောက် နည်းပြတူချယ်လ် အနေဖြင့် ချယ်လ်ဆီးအသင်းသမိုင်း တစ်လျှောက် ပွဲအနည်းဆုံးဖြင့် အဝေးကွင်းနိုင်ပွဲ ၁ဝ ပွဲရယူနိုင်သည့် ဒုတိယမြောက် နည်းပြအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက ရီစီဂျိမ်းစ် နှင့် ဂျော်ဂျင်ဟိုတို့၏သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး နောက် နည်းပြတူချယ်လ်အတွက် ချယ်လ်ဆီးအသင်း နည်းပြဘဝ  အဝေးကွင်း ၁၄ ပွဲ ကစားပြီး နိုင်ပွဲ ၁ဝ ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက် ပွဲအနည်း ဆုံးဖြင့် အဝေးကွင်း ၁ဝ ပွဲတွင် အနိုင် ရယူနိုင်ခဲ့သည့် နည်းပြအဖြစ်  တူချယ်လ်မတိုင်မီက  ဂူးဟစ်ဒင်နှင့် မော်ရင်ဟိုက အဝေးကွင်း ၁၃ ပွဲကစားပြီး  ပွဲအနည်း ဆုံးဖြင့်   နိုင်ပွဲ ၁ဝ ပွဲပြည့်မြောက်ခဲ့သည့်   နည်းပြ အဖြစ် ထိပ်ဆုံး၌ ပူးတွဲ ရပ်တည်နိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင်   ချယ်လ်ဆီးအသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် ခံစစ်ကစားသမား ရီစီဂျိမ်းစ် သည်လည်း ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁ဝ)အပြီးတွင် ဂိုးပါဝင်ပတ်သက်မှု ခုနစ်ကြိမ်(လေးဂိုး သွင်းယူ သုံးကြိမ်ဂိုးဖန်တီးမှု) ပြုလုပ်နိုင်ခဲ့ပြီးနောက် ဂိုးပါဝင်ပတ်သက်မှု   အများဆုံး ကစားသမားဖြစ်လာခဲ့ သည်။

အလားတူ ပယ်နယ်တီမှတစ်ဆင့် သွင်းဂိုးသွင်းယူခဲ့သည့် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုသည်လည်း ပယ်နယ်တီ ၁ဝ ကြိမ်ဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပယ်နယ်တီ ၁ဝ ကြိမ်ဆက်  ဂိုးဝင်အောင်  သွင်းယူနိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။                     

Ref;Opta.com