ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွား နေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူများ၏ဆေးဝါးလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူနိုင်ရေးနှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေး တို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်း မြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန  အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းကို  ဆောင်ရွက်လျက် ရှိရာ ယနေ့တွင်လည်း ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၆ ခုမှ အိမ်သုံးဆေးဝါး ၈၆ မျိုးကို ရောင်းချပေးခဲ့သည်။

အလားတူ ပထမအစီအစဉ်အဖြစ်ဖွင့်လှစ် ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ် (၁၀၄/၁၀၈)နေရာ၌လည်း ယနေ့ တွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျား ဈေးကားဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

(၁၀၀)