နယူးကာဆယ်အသင်း၏ ကမ်းလှမ်းမှုကို နည်းပြ အမ်မရီ ငြင်းဆန်

နယူးကာဆယ်အသင်း၏ ကမ်းလှမ်းမှုကို နည်းပြ အမ်မရီ ငြင်းဆန်

နယူးကာဆယ်အသင်းသည်   လစ်လပ်နေသည့် နည်းပြရာထူးအတွက် ဗီလာရီးယဲလ်အသင်း နည်းပြ အမ်မရီကို  တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အမ်မရီကိုယ်တိုင်က ငြင်းဆန်ခဲ့ကြောင်း သိရသည်။

နယူးကာဆယ် အသင်းက အသင်းကို ထိပ်တန်း အသင်းတစ်သင်းအဖြစ်   တည်ဆောက်လိုနေသည့် အတွက် ထိပ်တန်းနည်းပြ တစ်ဦးကို ခန့်အပ်လိုနေပြီး အစောပိုင်းက  ကွန်တီ၊  ဇီဒန်း၊  ရော်ဂျာ၊  တန်ဟတ် စသည့် ထိပ်တန်းနည်းပြများကို ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့က အသီးသီး ငြင်းဆိုခဲ့ကြသည်။

အစောပိုင်းက နည်းပြအမ်မရီ အနေဖြင့် နယူးကာဆယ်အသင်း၏ ကမ်းလှမ်းမှုများကို လက်ခံရရှိထားသည်ဟု  ဝန်ခံပြောကြားခဲ့ပြီး  ကမ်းလှမ်းမှုများကို လက်ခံ၍ ညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း အဆင်မပြေသည့် အတွက်  ယန်းဘွိုင်းအသင်းနှင့် ပွဲစဉ်အပြီးတွင် တရားဝင် ငြင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။