ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး အဆန်စီယိုကို ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ွ ကာလတွင် လီဗာပူးနှင့် အာဆင်နယ်အသင်းတို့ အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေ

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး အဆန်စီယိုကို ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ွ ကာလတွင် လီဗာပူးနှင့် အာဆင်နယ်အသင်းတို့ အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေ

ရီးယဲလ်မက်ဒရစ်အသင်းနှင့်   အနာဂတ်မရေမရာ ဖြစ်နေသည့်  တိုက်စစ်မှူး အဆန်စီယိုကို  လာမည့် ဇန်နဝါရီကစားသမား   အပြောင်းအရွှေ့ ကာလတွင် လီဗာပူးအသင်းနှင့်   အာဆင်နယ်အသင်းတို့   အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး အဆန်စီယို သည် ကစားသမား ဘဝအစပိုင်းက အနာဂတ်တောက်ပလာနိုင်သည့် ကစားသမားအဖြစ်    သတ်မှတ်ခံရပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင်   ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရပြီးနောက် နည်းပြဟောင်း ဇီဒန်းလက်ထက်ကတည်းက ပွဲထွက်ခွင့် ပျောက်ဆုံးကာ   လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့် ရရှိသူဖြစ်သည်။

အဆန်စီယိုသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလကတည်းက ရီးယဲလ်မက်ဒရစ် အသင်းမှ  ထွက်ခွာရန်ကြိုးပမ်းခဲ့ပြီး  လီဗာပူးအသင်း နှင့်  သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အပြောင်းအရွှေ့ တရားဝင် မဖြစ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

လက်ရှိနည်းပြ  အန်ဆယ်လော့တီ လက်အောက်တွင်လည်း အဆန်စီယိုအနေဖြင့်  ပုံမှန်ပွဲထွက်ခွင့် မရရှိသည့်အတွက် လာမည့် ဇန်နဝါရီကစားသမား အပြောင်း အရွှေ့ကာလတွင် အသင်းမှ ထွက်ခွာရန်ပြင်ဆင်နေပြီး လီဗာပူးအသင်းနှင့် အာဆင်နယ်အသင်းတို့က အပြိုင် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။