သြစတြေးလျနိုင်ငံက အသက် ၁၆ နှစ်အထက်ပြည်သူ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်

မဲဘုန်း၊ ကာကွယ်ဆေးထိုးလုပ်ငန်း

သြစတြေးလျနိုင်ငံက အသက် ၁၆ နှစ်အထက်ပြည်သူ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်

သြစတြေးလျနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ အသက် ၁၆ နှစ်အထက်ပြည်သူ ၈၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့် အဝထိုးပေးထားပြီးဖြစ်ကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးအပြည့်အဝထိုးပေးနိုင်ခြင်းသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအများဆုံးထိုးပေးနိုင်သည့်    နိုင်ငံတစ်နိုင်ငံဖြစ်လာစေရေးအတွက် အံ့ချီးလောက်သောသမိုင်းမှတ်တိုင်တစ်ခုဖြစ်လာကြောင်း ဝန်ကြီးချုပ်စကော့မော်ရစ်ဆင်က နိုဝင်ဘာ ၆ ရက်တွင်ပြောသည်။

ကိုဗစ်-၁၉ ရောဂါကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည့် လူဦးရေ ၂၅ သန်းသာရှိသော သြစတြေးလျနိုင်ငံသည် ကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့်ထိုးပေးခြင်းအားဖြင့် ကပ်ရောဂါနှင့် အတူယှဉ်တွဲနေထိုင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

ဗဟိုအစိုးရအဆင့်၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်ချက်သည် မိမိသဘောဆန္ဒအလျောက်ဖြစ်သော်လည်း ပြည်နယ် များနှင့် နယ်မြေများတွင်မူ ကာကွယ်ဆေးကိုမဖြစ်မနေထိုးရန် သတ်မှတ်ချက်များ ထုတ်ပြန်ထားသည်။

ထို့ပြင် ကာကွယ်ဆေးမထိုးပါက ပြင်ပလှုပ်ရှားသွားလာဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိစေရန် တားမြစ်ချက်များ ထုတ်ပြန်ထားသည့်အတွက် ကာကွယ်ဆေးထိုးသည့်    အရေအတွက် များပြားလာခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်း အတာအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၇၉၀၀၀ အောက်နှင့် သေဆုံးသူ ၁၅၈၇ ဦးရှိသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သြစတြေးလျနိုင်ငံက ရောဂါဖြစ်ပွားသူနှင့်သေဆုံးသူအလွန်နည်းပါးသော နိုင်ငံဖြစ်ကြောင်းတာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

Ref: TST