လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနို အက်သလက်တီကိုအသင်းနှင့်ပွဲစဉ်တွင်ရရှိသည့် တံကောက်ကြောဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်

လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနို အက်သလက်တီကိုအသင်းနှင့်ပွဲစဉ်တွင်ရရှိသည့် တံကောက်ကြောဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်

လန်ဒန်၊ ဘောလုံး

လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနိုသည် ချန်ပီယံ လိဂ်အုပ်စုပွဲစဉ်အဖြစ်ကစားသော အက်သလက်တီကို အသင်းနှင့်ပွဲစဉ်တွင် ရရှိသည့် တံကောက်ကြောဒဏ်ရာ ကြောင့် တစ်လခန့်အနားယူရမည်ဖြစ်ကြောင်း နည်းပြ ဂျာဂန်ကလော့က အတည်ပြု ပြောကြား သည်။

ဖာမီနိုသည်   ယခုဘောလုံးရာသီတွင်  လီဗာပူး အသင်းတိုက်စစ်ပိုင်း၌     ခြေစွမ်းပြကစားနိုင်ခဲ့ပြီး  အက်သလက်တီကို အသင်းနှင့် ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သော်လည်း ဒုတိယပိုင်း  ပွဲချိန် ၄၆ မိနစ်တွင် တံကောက်ကြော ဒဏ်ရာရရှိခဲ့ သည့်အတွက် မာနေးနှင့် လူစားလဲထွက်ခွာခဲ့ရခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်အပြီး ဆေးစစ်မှုများပြုလုပ်ရာတွင် ဖာမီနိုအနေဖြင့် အပေါ့စားဒဏ်ရာသာဖြစ်သောကြောင့် ရက်အနည်းငယ် အနားယူ ပြီးလျှင် ပြန်လည်ကစားနိုင် ဖွယ်ရှိသော်လည်း ယခုအခါ အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရာ ဒဏ်ရာမှာ မျှော်လင့် ထားသည်ထက် ပိုမိုပြင်းထန်သည့်အတွက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် တစ်လခန့် အနားယူရဖွယ်ရှိနေသည်။

ဖာမီနိုအနေဖြင့် ဒဏ်ရာကြောင့် တစ်လခန့်အနား ယူရမည်ဖြစ်သည့်အတွက် လာမည့်ရက်သတ္တပတ် အတွင်းကစားမည့်     ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် ဘရာဇီးအသင်းနှင့်  ပါဝင်နိုင်တော့မည်မဟုတ်ဘဲ ဒီဇင်ဘာလဆန်းပိုင်းမှသာ ပြန်လည်ပါဝင်နိုင် မည်ဖြစ်ကြောင်း သိရသည်။

Ref;Sky Sports