ဖီအိုရင်တီးနားအသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ချ်ကိုခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

ဖီအိုရင်တီးနားအသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ချ်ကိုခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

လန်ဒန်၊ ဘောလုံး

အာဆင်နယ်အသင်းသည် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလမတိုင်မီ ဖီအိုရင်တီးနားအသင်း တိုက်စစ်မှူး ဗလာ ဟိုဗစ်ချ်ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘောလုံးရာသီမှစ၍ ထိပ်တန်းအဆင့်ရှိခြေစွမ်းပြနိုင်ခဲ့ကာ ယခုဘောလုံးရာသီတွင်လည်း အကောင်းဆုံး ခြေစွမ်းပြ လျက်ရှိသည့် ဗလာဟိုဗစ်ချ်ကို ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် ဂျူဗင်တပ်စ်အသင်း၊ မန်စီးတီးအသင်းနှင့် စပါးအသင်း တို့က စောင့်ကြည့်လျက်ရှိချိန်တွင် အာဆင်နယ်အသင်းက လက်ဦးမှုရယူပြီး ဖီအိုရင်တီးနားအသင်းနှင့် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းသည်   လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး လာကာဇက်ကို ရောင်းချရန်ပြင် ဆင်ထားပြီး ၎င်း၏နေရာတွင်အစားထိုးရန် ကစားသမားသစ်ရှာဖွေမှုများပြုလုပ်လျက်ရှိရာ ယခုအခါဗလာဟိုဗစ်ချ်ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့သည်။

အာဆင်နယ်အသင်းက ဗလာဟိုဗစ်ချ်ကို ခေါ်ယူနိုင်ရန်    ဖီအိုရင်တီးနားအသင်းနှင့်   တရားဝင်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက်    အပိုဆုကြေးအပါအဝင် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နီးပါးအထိပေးချေပြီး ခေါ်ယူရန်သဘောတူညီမှု ရရှိထား ခြင်းဖြစ်သည်။

ဗလာဟိုဗစ်ချ်သည်    ယခုဘောလုံးရာသီတွင် အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိကာ ပြိုင်ပွဲစုံ ၁၂ ပွဲကစားရာတွင် ၁၀ ဂိုးအထိသွင်း ယူထားပြီး စီးရီးအေသွင်းဂိုးအများဆုံး ကစားသမားဆုအတွက် ရေပန်းစားနေသူဖြစ်ကြောင်း သိရသည်။   

Ref;Goal.com