တောင်ကိုရီးယား သင်္ဘောများကို ပင်လယ်ဓားပြများ တိုက်ခိုက်မှု ကျဆင်းလာဟုဆို

တောင်ကိုရီးယား သင်္ဘောများကို ပင်လယ်ဓားပြများ တိုက်ခိုက်မှု ကျဆင်းလာဟုဆို

တောင်ကိုရီးယား  သင်္ဘောများကို ပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုသည် ယခုနှစ်တွင် ၃ဝ ရာခိုင်နှုန်းနီးပါး ကျဆင်းလာကြောင်း    ပင်လယ်ရေကြောင်း ဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။

အထူးသဖြင့် ပင်လယ်ဓားပြများ ကြီးစိုးလေ့ရှိသော အာဖရိကဒေသ အနောက်ပိုင်း ဒေသ၌ ထိုသို့တိုက်ခိုက်ခံရမှု ကျဆင်းလာခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း တောင်ကိုရီးယား သင်္ဘောများကို ပစ်မှတ်ထားသည့် ပင်လယ် ဓားပြတိုက်ခိုက်မှု အကြိမ်ရေ ၁၃၂ ကြိမ်ရှိခဲ့ သော်လည်း ယခုနှစ်ဇန်နဝါရီလမှ စက်တင်ဘာလအထိ အလားတူ တိုက်ခိုက်မှု ၉၇ ကြိမ်သာ ရှိသည့်အတွက် ၂၇ ရာခိုင်နှုန်း ကျဆင်းလာသည်။

ယင်းကဲ့သို့ ပင်လယ်ဓားပြ တိုက်ခိုက်မှုများ ကျဆင်းလာရခြင်းသည် နိုင်ဂျီးရီးယား ကမ်းလွန်၌ ပင်လယ်ဓားပြ နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင် လာခြင်းကြောင့်ဖြစ်သည်။

နိုင်ဂျီးရီးယားကမ်းလွန်၌ ယမန်နှစ်က ပင်လယ်ဓားပြတိုက်ခိုက်မှု ၄၄ ကြိမ်ဖြစ်ပွား ရာ ယခုနှစ်တွင် ၂၈ ကြိမ်သာရှိတော့ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဆက်လက် ဖော်ပြထားသည်။

အလားတူ အာရှဒေသအတွင်း တောင်ကိုရီးယား သင်္ဘောများကို ပစ်မှတ်ထားသည့်  ပင်လယ်ဓားပြ တိုက်ခိုက်မှုသည်လည်း ယခု နှစ်တွင်  ၃၇  ရာခိုင်နှုန်း ကျဆင်းပြီး တိုက်ခိုက်မှု ၃၉ ကြိမ်သာ ဖြစ်ပွားသည်ကို တွေ့ရကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု သိရသည်။