ဗြိတိန်က ကိုဗစ်-၁၉ ရောဂါ ကုသဆေးကို မကြာမီ လက်တွေ့ စမ်းသပ်မည်

ဗြိတိန်က ကိုဗစ်-၁၉ ရောဂါ ကုသဆေးကို မကြာမီ လက်တွေ့ စမ်းသပ်မည်

ဗြိတိန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကုသဆေးကို  မကြာမီလက်တွေ့ စမ်းသပ်မည် ဖြစ်ကြောင်း    ဗြိတိန်ကျန်းမာရေး ဌာနမှ ဆေးဘက်ဆိုင်ရာ အကြံပေး အရာရှိချုပ်က နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။

အဆိုပါ ကုသဆေးသည် မာ့(ခ်)ကုမ္ပဏီထုတ် မိုနျူပီရာဗီရာဆေး ဖြစ်ပြီး လက်တွေ့ စမ်းသပ်မှုကို     ယခုလနှောင်းပိုင်းတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း     အကြံပေး အရာရှိချုပ် ဆူဆန်ဟော့ကင်းက ပြောခြင်းဖြစ်သည်။

ထိုကုသဆေးကို    အမေရိကန်နိုင်ငံ အခြေစိုက်   မာ့(ခ်)ကုမ္ပဏီနှင့် ရစ်ချဘတ် ကုမ္ပဏီတို့က ပူးတွဲဖော်စပ်ထားခြင်းဖြစ်ပြီး အဆိုပါဆေးက ကိုဗစ်-၁၉ ရောဂါကုသမှုကိုအလှည့်အပြောင်း ဖြစ်သွားစေနိုင်သည်။

ဗြိတိန်နိုင်ငံသည် ထိုဆေးကို အသုံးပြုရန် ပြီးခဲ့သည့်သီတင်းပတ်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကုသဆေး အသုံးပြုမည့်    ကမ္ဘာ့ပထမဆုံး နိုင်ငံ ဖြစ်လာသည်။

ဗြိတိန်အစိုးရအနေဖြင့် မာ့(ခ်)ကုမ္ပဏီထုတ်    ကိုဗစ်-၁၉ ရောဂါ  ကုသဆေး အပတ်ရေ ၄၈ဝဝဝဝ အတွက် မှာယူထားပြီး ဖြစ်ကြောင်းနှင့်     ဖိုင်ဇာကုမ္ပဏီထုတ် အလားတူကုသဆေး အပတ်ရေ ၂၅ဝဝဝဝ ကိုလည်း မှာယူထားကြောင်း   တာဝန်ရှိသူများက အောက်တိုဘာလတွင် ပြောသည်ဟု သိရသည်။