မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီးနောက် မန်ယူအသင်း ဘုတ်အဖွဲ့က လာမည့် နိုင်ငံတကာ ပွဲစဉ်ကာလတွင် နည်းပြ အပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေ

မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီးနောက် မန်ယူအသင်း ဘုတ်အဖွဲ့က လာမည့် နိုင်ငံတကာ ပွဲစဉ်ကာလတွင် နည်းပြ အပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေ

မန်ယူအသင်းဘုတ်အဖွဲ့က မန်ချက်စတာဒါဘီ ပွဲစဉ်ဖြစ်သည့် မန်စီးတီးအသင်းကို အိမ်ကွင်း၌ ၂ ဂိုး-  ဂိုးမရှိဖြင့် ရှုံးနိမ့်သည့် ပွဲစဉ်အပြီးတွင် နည်းပြဆိုးလ်ရှား ၏ စွမ်းဆောင်ရည်များအပေါ်    စိတ်ပျက်လာသည့်အတွက် လာမည့်နိုင်ငံတကာ ပွဲစဉ်ကာလတွင် နည်းပြ အပြောင်းအလဲပြုလုပ်ရန်  ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေဖြင့် လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး    နှစ်ပွဲရှုံးနိမ့်ကာ    နှစ်ပွဲသရေ ရလဒ်သာ စွမ်းဆောင်နိုင်ခဲ့ပြီး  အဆိုပါရှုံးနိမ့်ခဲ့ သည့်ပွဲစဉ်နှစ်ပွဲမှာ အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

နည်းပြဆိုးလ်ရှား အနေဖြင့်   လီဗာပူးအသင်းကို ၅  ဂိုး-ဂိုးမရှိဖြင့်  ရှုံးနိမ့်ပြီးနောက်  အနာဂတ်မရေ မရာဖြစ်လာခဲ့ပြီး အစောပိုင်းတွင် အသင်းဘုတ်အဖွဲ့ က  နည်းပြဆိုးလ်ရှားအပေါ်  ထောက်ခံမှုပေးခဲ့ကာ သုံးပွဲဆက်လက် တာဝန်ယူရန် အချိန်ပေးခဲ့ပြီးနောက် မန်စီးတီးအသင်းနှင့် ပွဲစဉ်အပြီးတွင် အဓိက ကစား သမားများဖြစ်သည့်  ပေါ့ဂ်ဘာနှင့်  ဖာနန်ဒက်စ်တို့ ကိုယ်တိုင်က နည်းပြဆိုးလ်ရှား၏  ပွဲထွက်ကစားသမား အသုံးပြုပုံနှင့် နည်းစနစ်ပိုင်းအပေါ် ယုံကြည်မှုကင်းမဲ့ လာခဲ့သကဲ့သို့   အသင်းဘုတ် အဖွဲ့ဝင်များကလည်း ၎င်းတို့အချိန်ပေးခဲ့သည့် သုံးပွဲ၌   စပါးအသင်းကိုသာ အနိုင်ရရှိခဲ့ပြီး အတ္တလန္တာအသင်းနှင့် သရေ၊ မန်စီးတီး အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှား အပေါ် စိတ်ပျက်လာခဲ့ခြင်းဖြစ်သည်။

ယခု ရက်သတ္တပတ်ပြီးလျှင်   နိုင်ငံတကာပွဲစဉ်များ ကစားရမည် ဖြစ်သည့်အတွက်    လိဂ်ပြိုင်ပွဲများကို ရက်သတ္တနှစ်ပတ် ရပ်နားမည်ဖြစ်သည့်အတွက် လက်ရှိတွင်   မန်ယူအသင်းဘုတ် အဖွဲ့ဝင်များက  နည်းပြ ဆိုးလ်ရှားနှင့် ပတ်သက်ပြီး    မဆုံးဖြတ် ရသေးသော်လည်း  ရပ်နားထားသည့် နှစ်ပတ်အတွင်း  နည်းပြ အပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း   သိရသည်။