ဂျူဗင်တပ်စ်အသင်းက အဓိက တိုက်စစ်မှူး ဒိုင်ဘာလာကို ၂ဝ၂၆ ခုနှစ်အထိ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိ

ဂျူဗင်တပ်စ်အသင်းက အဓိက တိုက်စစ်မှူး ဒိုင်ဘာလာကို ၂ဝ၂၆ ခုနှစ်အထိ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိ

ဂျူဗင်တပ်စ်အသင်းသည်    အဓိက တိုက်စစ်မှူး ဒိုင်ဘာလာကို   ၂ဝ၂၆  ခုနှစ်အထိ  ကာလရှည် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် ဒိုင်ဘာလာသည် ၂ဝ၁၅ ခုနှစ်က  ပါးမားအသင်းမှ  ဂျူဗင်တပ်စ်အသင်းသို့  ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး    အသင်းနှင့်စာချုပ် သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သောကြောင့်  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက    ဒိုင်ဘာလာ၏ အေးဂျင့် ဂျော်ဂျီအန်တန် ကိုယ်တိုင် အီတလီနိုင်ငံသို့ လာရောက် ပြီးနောက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးရာမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ဒိုင်ဘာလာသည်    ပြီးခဲ့သည့် ဘောလုံးရာသီက နည်းပြဟောင်း  ပီယာလိုလက်ထက်တွင်  ပွဲထွက်ခွင့် မရရှိသည့်အတွက်    အသင်းပြောင်းရွှေ့ ကစားရန်ဆုံးဖြတ်ခဲ့ကာ  စပါးအသင်းသို့   ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း   ဘောလုံးရာသီ ပြီးဆုံးချိန်တွင်   နည်းပြအပြောင်းအလဲ ပြုလုပ်ကာ နည်းပြအယ်လီဂရီနီ ကို ခန့်အပ်ခဲ့ပြီးနောက် အသင်း၌ ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒိုင်ဘာလာသည်   ယခုဘောလုံးရာသီ  နည်းပြ အယ်လီဂရီနီ လက်ထက်တွင်   ပုံမှန်ပွဲထွက်ခွင့် ရရှိနေသည့်အပြင်   ဒုတိယအသင်း ခေါင်းဆောင်အဖြစ်ပါ ခန့်အပ်ခံခဲ့ရပြီးနောက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်  ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။