ဘုတ်ပြင်းမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်များရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

ဘုတ်ပြင်းမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်များရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ - ၈
    
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ တွေ့ဆုံ သည်။
    
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ နှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
    
အလားတူ ဘုတ်ပြင်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား နယ်မြေခံ တပ်နယ်ခန်းမ၌ တာဝန်ရှိသူများကလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ် မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား မိုင်းဖြတ်တပ်နယ်မှ တာဝန်ရှိသူများက လည်းကောင်း တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။