ဂျပန်က အမေရိကန်ဒေါ်လာ ၈၈  ဘီလီယံဖြင့် တက္ကသိုလ် ရန်ပုံငွေ ထူထောင်မည်

ဂျပန်က အမေရိကန်ဒေါ်လာ ၈၈  ဘီလီယံဖြင့် တက္ကသိုလ် ရန်ပုံငွေ ထူထောင်မည်

ဂျပန်နိုင်ငံကို သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်သော     နိုင်ငံတစ်နိုင်ငံအဖြစ် မြှင့်တင်ရန် အစိုးရအနေဖြင့် အမေရိကန် ဒေါ်လာ ၈၈ ဘီလီယံ အသုံးပြုကာ တက္ကသိုလ်ရန်ပုံငွေ ထူထောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက နိုဝင်ဘာ ၈ ရက်တွင်ကတိပြုသည်။

ထိုသို့ တက္ကသိုလ် ရန်ပုံငွေ ထူထောင်ရခြင်းသည် ပြည်သူတစ်ရပ်လုံး ချမ်းသာကြွယ်ဝစေရေးအတွက် လိုအပ်သည့်ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

တက္ကသိုလ်ရန်ပုံငွေ ထူထောင်ခြင်းကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေး ကနဦး စီမံကိန်းများ အနက် အချို့သည် ယန်းထရီလီယံပေါင်း များစွာ တန်ဖိုးရှိသော စီစဉ်ထားသည့် စီးပွားရေးနှိုးဆွမှု အစီအစဉ်တွင် ပါဝင်ကြောင်းနှင့် ထိုအစီအစဉ်အတွက် အချက်အလက်များကို ယခုလလယ်ပိုင်းတွင် စုဆောင်းသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကတိပြုထားသည်ဟု   အစိုးရ တာဝန်ရှိသူများက ပြောသည်။

ဂျပန်နိုင်ငံကို သိပ္ပံနှင့် နည်းပညာနိုင်ငံအဖြစ် တိုးမြှင့်ရန်  အစိုးရအနေဖြင့်  ယခုဘဏ္ဍာနှစ်အကုန်တွင် တက္ကသိုလ်ရန်ပုံငွေ အတွက် ယန်း ၁ဝ ထရီလီယံကို ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရအနေဖြင့် ပြည်တွင်းဖြစ် စွမ်းအင်သိုလှောင်နိုင်သော ဘက်ထရီများ ထုတ်လုပ်မှုကို အားပေးထောက်ပံ့ခြင်းနှင့် လျှပ်စစ်ယာဉ်များ အသုံးပြုမှုကို အားပေးမြှင့်တင်ခြင်းအားဖြင့် သန့်ရှင်းစွမ်းအင်ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖူမီအိုကီရှီဒါက ပြောသည်။

အလားတူ ဖူမီအိုကီရှီဒါသည် ၎င်း၏ဦးစားပေး မူဝါဒများအနက်   စီးပွားရေး ဖူလုံမှုရှိစေရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

အဆိုပါကတိပြုမှုအတွက်  အကောင်အထည်ဖော်မှုများတွင်  တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကို ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။