အင်ဒိုနီးရှားက ပြည်သူ ၅ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်ထိုးပေးပြီးပါက ထပ်တိုး ကာကွယ်ဆေး ထိုးပေးမည်

အင်ဒိုနီးရှားက ပြည်သူ ၅ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်ထိုးပေးပြီးပါက ထပ်တိုး ကာကွယ်ဆေး ထိုးပေးမည်

အင်ဒိုနီးရှားနိုင်ငံ အတွင်းရှိ ပြည်သူ ၅ဝ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအကြိမ်ရေ အပြည့်ထိုးပေးပြီးပါက  ထပ်တိုးကာကွယ်ဆေးထိုးပေးနိုင်ရေး စီစဉ် နေကြောင်း ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာ ဒီဆာဒီကင်က နိုဝင်ဘာ ၈ ရက်တွင်ပြော သည်။

ထို့ပြင် ထပ်တိုးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းကို လာမည့်လကုန် တွင်စတင်နိုင်ရေး မျှော်မှန်းထားသည်ဟု ၎င်းက ဆက်ပြောသည်။

အင်ဒိုနီးရှားအစိုးရသည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမျိုးမျိုးကို အသုံးပြု၍ နိုင်ငံအတွင်းရှိ လူဦးရေသန်း ၂၇ဝ အနက် ၂၉ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးထားပြီးဖြစ်သည်။

အစိုးရအနေဖြင့် ကာကွယ်ဆေးရရှိမှု ညီမျှခြင်း မရှိသည့်အတွက် လူဦးရေ ၅ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေး အကြိမ်ရေ အပြည့် ထိုးပေးပြီးပါက ထပ်တိုးကာကွယ် ဆေးထိုးပေးရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက လွှတ်တော်ကြားနာ မှုတွင်ပြောသည်။

ထပ်တိုးကာကွယ်ဆေး ထိုးမှုကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ထိုအစီအစဉ်တွင် အစိုးရက အာမခံထားသော ဆင်းရဲသားများနှင့်  သက်ကြီးရွယ်အိုများကို အဓိက ဦးစားပေးမည် ဖြစ်ကြောင်းနှင့် အခြား သူများအနေဖြင့် ထပ်တိုးကာကွယ်ဆေး အတွက် ကျသင့်ငွေပေးရဖွယ်ရှိကြောင်း ၎င်းကပြောသည်။

သို့သော်  အင်ဒိုနီးရှား ကျန်းမာရေး ဝန်ထမ်း အများအပြားမှာမူ ထပ်တိုးကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးပြီးဖြစ် ကြောင်း သိရသည်။