အက်စ်တွန်ဗီလာအသင်းက အသင်း၏ ရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် နည်းပြ ဒိန်းစမစ်ကို ရာထူးမှ ထုတ်ပယ်

အက်စ်တွန်ဗီလာအသင်းက အသင်း၏ ရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် နည်းပြ ဒိန်းစမစ်ကို ရာထူးမှ ထုတ်ပယ်

အက်စ်တွန်ဗီလာအသင်းက အသင်း၏ ရလဒ်ပိုင်း ဆိုးရွားနေမှုကြောင့်   အသင်းနည်းပြ    ဒိန်းစမစ်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း သိရသည်။

အသက် ၅ဝ အရွယ် နည်းပြဒိန်းစမစ်သည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလက ဘရန့်ဖို့ဒ်အသင်းမှ အက်စ်တွန်ဗီလာအသင်း နည်းပြအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရလဒ်ကောင်းများ ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

နည်းပြ ဒိန်းစမစ်သည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက အဓိက ကစားသမား ဂရီးလစ်ရှ်ကို လက်လွှတ်ခဲ့ရပြီး ဒန်နီအင်း၊ ဘိုင်လီ၊ ဘွန်ဒီယာ၊ ဆန်ဆွမ် စသည့် ကစားသမားများကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁ဝဝ ကျော်အသုံးပြု၍ ခေါ်ယူအင်အား ဖြည့်တင်းခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရလဒ်များ ဆိုးရွားနေခြင်းဖြစ်သည်။

အက်စ်တွန်ဗီလာအသင်းသည်   ပရီးမီးယားလိဂ် ၁၁  ပွဲ ကစားခဲ့ရာတွင်  သုံးပွဲသာ အနိုင်ရရှိပြီး  တစ်ပွဲသရေနှင့် ခုနစ်ပွဲအထိ ရှုံးနိမ့်ထားသည်။

အက်စ်တွန်ဗီလာ အသင်းသည် စက်တင်ဘာ ၂၅ ရက်က မန်ယူအသင်းကို အနိုင်ရရှိပြီး နောက်ပိုင်း ပွဲစဉ်များတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားခဲ့ပြီး ငါးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့သည့်အတွက် နည်းပြဒိန်းစမစ်ကို ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။