Rakuten ကုမ္ပဏီက ပရီးမီးယားလိဂ်မှ ကလပ်အသင်း တစ်သင်းကို ဝယ်ယူရန်ပြင်ဆင်နေ

Rakuten ကုမ္ပဏီက ပရီးမီးယားလိဂ်မှ ကလပ်အသင်း တစ်သင်းကို ဝယ်ယူရန်ပြင်ဆင်နေ

ဘာစီလိုနာအသင်းကို    ရင်ဘတ်ဂျာစီစပွန်ဆာ ပေးအပ်ထားသည့် ဂျပန်နိုင်ငံအခြေစိုက် Rakuten  ကုမ္ပဏီက ပရီးမီးယားလိဂ်မှ ကလပ်အသင်းတစ်သင်း ကို ဝယ်ယူရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

Rakuten ကုမ္ပဏီသည် လက်ရှိတွင် ဘာစီလိုနာ အသင်းကို တစ်နှစ်လျှင် စတာလင်ပေါင် ၂၅ သန်းဖြင့် ရင်ဘတ်ဂျာစီစပွန်ဆာ ပေးအပ်ထားပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုနေသည့် အတွက် ပရီးမီးယားလိဂ်မှ ကလပ်အသင်းတစ်သင်းကို ဝယ်ယူရန်ပြင်ဆင်နေခြင်း ဖြစ်သည်။

ျွေုကအနည  ကုမ္ပဏီက  ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းကို ဝယ်ယူရန် ပြင်ဆင်နေသော်လည်း လက်ရှိတွင် ပြိုင်ပွဲဝင် အသင်းများမှ အသင်းပိုင်ရှင်များ အနေဖြင့် သက်ဆိုင်ရာ ကလပ်အသင်းများကို ရောင်းချရန် အစီအစဉ် မရှိသည့်အတွက် ခက်ခဲဖွယ်ရှိနေပြီး ချန်ပီယံရှစ်မှ ကလပ်အသင်း တစ်သင်းကိုသာ ဝယ်ယူ နိုင်ဖွယ် ရှိကြောင်း သိရသည်။