လာမည့်ဇန်နဝါရီဈေးကွက်တွင် တိုက်စစ်မှူး စတာလင်းကို စတာလင်ပေါင် ၄၅ သန်းဖြင့် ရောင်းချရန်ပြင်ဆင်

လာမည့်ဇန်နဝါရီဈေးကွက်တွင် တိုက်စစ်မှူး စတာလင်းကို စတာလင်ပေါင် ၄၅ သန်းဖြင့် ရောင်းချရန်ပြင်ဆင်

မန်စီးတီးအသင်းက အသင်းတိုက်စစ်မှူး စတာလင်း ကို လာမည့်ဇန်နဝါရီဈေးကွက်တွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၅ သန်းဖြင့် ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် စတာလင်းတို့ စာချုပ်သက် တမ်းမှာ ၂ဝ၂၃ ခုနှစ်မှသာ ကုန်ဆုံးမည်ဖြစ်ပြီး အစောပိုင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း  ၎င်းအနေဖြင့်  ပုံမှန်ခြေစွမ်းပြ နိုင်ရန်    ရုန်းကန်နေရသည့်အတွက်   သက်တမ်းတိုး စာချုပ်ချုပ်ဆိုတော့မည် မဟုတ်ဘဲ လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင်   နည်းပါးသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောင်းချရန်ပြင်ဆင်လာခြင်း ဖြစ်သည်။

စတာလင်းသည်  အစောပိုင်းနှစ်များက  မန်စီးတီး အသင်း၌   အဓိက  ကစားသမားအဖြစ်  ခြေစွမ်းပြ နိုင်သော်လည်း နောက်ပိုင်းနှစ်များတွင် ခြေစွမ်းပြနိုင် ရန် ရုန်းကန်နေရပြီး ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၅ ပွဲ ပါဝင် ကစားထားသော်လည်း နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။