ဘာစီလိုနာအသင်းက ဒန်နီအဲဗက်ကို တစ်နှစ်အငှား စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေ

ဘာစီလိုနာအသင်းက ဒန်နီအဲဗက်ကို တစ်နှစ်အငှား စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေ

ဘာစီလိုနာအသင်းက အသင်း ကစားသမားဟောင်း ဒန်နီအဲဗက်ကို  တစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားသော်လည်း  စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်၏ခွင့်ပြုမိန့်ကို    စောင့်ဆိုင်းနေရ ကြောင်း သိရသည်။

အသက်  ၃၈  နှစ်အရွယ်  အဲဗက်သည်  ပြီးခဲ့သည့် ဘောလုံးရာသီကုန်က ဆော်ပေါ်လိုအသင်းနှင့် စာချုပ် ဖျက်သိမ်းပြီးနောက်    လက်ရှိတွင်    ကလပ်အသင်း လက်မဲ့ဖြစ်နေသူ ဖြစ်သည်။ ဘာစီလိုနာ အသင်းနည်းပြ သစ်အဖြစ်   ဇာဗီကိုခန့်အပ်ပြီးနောက်  ဘာစီလိုနာ အသင်းက အဲဗက်ကို ခေါ်ယူရန် ဆွေးနွေးမှုများ စတင် ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခြင်းဖြစ်သည်။

သို့သော် စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ဘာစီ လိုနာအသင်းကို အသင်းဘဏ္ဍာရေး စည်းမျဉ်းတားမြစ်မှုများ ရှိနေသည့်အတွက် အဲဗက်အား ပြန်လည်ခေါ်ယူမှုကို တားမြစ်ထားကာ လက်ရှိတွင် ဘာစီလိုနာအသင်းနှင့် အဲဗက်တို့က စပိန်လာလီဂါဘောလုံး အဖွဲ့ချုပ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး    သဘောတူညီမှုရရှိပါက  အပြီးသတ် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

အဲဗက်သည်  ဘာစီလိုနာအသင်း၌  ရှစ်နှစ်ကြာ ကစားခဲ့ပြီး စပိန်လာလီဂါဖလား ရှစ်ကြိမ်၊ ချန်ပီယံလိဂ် ဖလား သုံးကြိမ်၊ စပိန်ကိုပါဒယ်ရေးဖလား လေးကြိမ် ဆွတ်ခူးနိုင်ကာ  အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။