ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ၂ဝ၂၂-၂ဝ၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ ကျင်းပမည့် ကာလကို အတည်ပြု ထုတ်ပြန်

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ၂ဝ၂၂-၂ဝ၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ ကျင်းပမည့် ကာလကို အတည်ပြု ထုတ်ပြန်

ပရီးမီးယားလိဂ်  ဘောလုံးအဖွဲ့ချုပ်က ၂ဝ၂၂-၂ဝ၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပမည့်ကာလကို  အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း  သိရ သည်။

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က   နှစ်စဉ် ဘောလုံးရာသီသစ် အတွက်   ကျင်းပမည့်ကာလနှင့် ပွဲစဉ်ဇယားများကို လက်ရှိ ကျင်းပနေသည့် ဘောလုံး ရာသီအပြီးမှသာ   အတည်ပြု ထုတ်ပြန်လေ့ရှိသော်လည်း ၂ဝ၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် ရှိနေသည့်အတွက် ပြိုင်ပွဲပွဲစဉ်များနှင့် တိုက်ဆိုင်လာ နိုင်သည့် အခြေအနေများကြောင့် ယခုဘောလုံးရာသီ မပြီးဆုံးမီကတည်းက အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်သည့် အတွက် ၂ဝ၂၂-၂ဝ၂၃ ဘောလုံးရာသီ ပရီး မီးယားလိဂ်ပြိုင်ပွဲကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ရပ်နားမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က    နှစ်စဉ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို  သြဂုတ် လလယ်ပိုင်းမှသာ ကျင်းပလေ့ရှိသော်လည်း ၂ဝ၂၂-၂ဝ၂၃ ဘောလုံး ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အနည်းငယ်စော၍  ကျင်းပမည်ဖြစ်ပြီး ၂ဝ၂၂ ခုနှစ် သြဂုတ် ၆ ရက်မှ ၂ဝ၂၃ ခုနှစ် မေ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က နှစ်စဉ် ပုံမှန် ကျင်းပလေ့ရှိသည့် စနေနှင့် တနင်္ဂနွေမဟုတ်သည့် ကြားရက်များတွင်   ပွဲစဉ်အများစု   ကျင်းပလေ့ရှိပြီး  ဒီဇင်ဘာလအတွင်း ပွဲစဉ်များကို  ပုံမှန်မဟုတ်သည့် ရက်များတွင် ဆက်တိုက် ကျင်းပခဲ့သော်လည်း လာမည့် ၂ဝ၂၂-၂ဝ၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် ကာလရှိသည့်အတွက် ပုံမှန်မဟုတ်သည့် ကြားရက်များတွင် ပွဲစဉ်သုံးပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။