မလေးရှား၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အများစု ဆီးချို၊ သွေးတိုးရောဂါများနှင့် ဆက်နွှယ်နေဟုဆို

မလေးရှား၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အများစု ဆီးချို၊ သွေးတိုးရောဂါများနှင့် ဆက်နွှယ်နေဟုဆို

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူအများစုသည်   ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့နှင့်  ဆက်နွှွယ် နေကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခုနှစ်အောက်တိုဘာ ၂၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ အနက် ၃၇ ဒသမ ၃ ရာခိုင်နှုန်း သို့မဟုတ် လူ ၁ဝ ဦးလျှင် လေးဦးခန့်သည်  ဆီးချိုရောဂါ ဖြစ်နေသူများဖြစ်သည်။

အဆိုပါအရေအတွက်သည် ပြီးခဲ့သည့် နှစ်ထက်အနည်းငယ်လျော့ကျပြီး ၂ဝ၂ဝ ပြည့်နှစ်တွင်  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများအနက် ဆီးချိုရောဂါဖြစ်ပွားသူ  ၃၈ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဖေဆယ်အစ်ဝမ်မူစတာဖာက ပြောသည်။

ကမ္ဘာတစ်ဝန်း၌  မကူးစက်တတ်သော ရောဂါအခံရှိသူများ အနေဖြင့် စိုးရိမ်ရသော ကူးစက်ရောဂါများနှင့်  ကိုဗစ်-၁၉ ရောဂါတို့ကြောင့် သေဆုံးနိုင်ခြေ များသည်ကို ၎င်းတို့အနေဖြင့် သိရှိထားကြောင်း၊ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ၏  အခြေအနေသည် စိုးရိမ်ရပါက ထိုအချက်မှာ  ပိုမိုမှန်ကန်ကြောင်း ဖေဆယ်အစ်ဝမ်မူစတာဖာကပြောသည်။

ထို့ပြင် ဆီးချိုရောဂါရှိသူ တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ရောင်ရမ်းခြင်းအပါအဝင် ပြင်းထန်သော ဝေဒနာများကို ခံစားရနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

မလေးရှားနိုင်ငံ၌ အရွယ်ရောက်သူ ငါးဦးလျှင် တစ်ဦးနီးပါး သို့မဟုတ်  ခန့်မှန်းခြေအားဖြင့် လူ ၃ ဒသမ ၉ သန်းတွင် ဆီးချိုရောဂါရှိနေသည်။

သို့သော် ယင်းတို့အနက် ထက်ဝက်ခန့်အနေဖြင့် ၎င်းတို့၌ ဆီးချိုရောဂါရှိနေသည်ကို သတိမပြုမိသည့် အချက်မှာ ပိုမိုစိုးရိမ်စရာကောင်းကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူအောဟီရှမ်အဗ္ဗဒူလာက ပြောထားသည်။