လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ဆီဗီလာအသင်းမှ ခံစစ်ကစားသမား ကွန်ဒီကို ကာဗာနီ အလိုက်ပေးပြီး ကမ်းလှမ်းရန် မန်ယူအသင်း ပြင်ဆင်

လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ဆီဗီလာအသင်းမှ ခံစစ်ကစားသမား ကွန်ဒီကို ကာဗာနီ အလိုက်ပေးပြီး ကမ်းလှမ်းရန် မန်ယူအသင်း ပြင်ဆင်

မန်ယူအသင်းသည် လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် အသင်းခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် ဆီဗီလာအသင်းမှ လူငယ်ခံစစ် ကစားသမား ကွန်ဒီကို အသင်းမှ ဝါရင့်တိုက်စစ်မှူး ကာဗာနီအား အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

မန်ယူအသင်းသည်  ယခုဘောလုံး ရာသီတွင် မက်ဂွိုင်ယာ ဦးဆောင်နေသည့် အသင်းခံစစ်ပိုင်းမှာ  သိသိသာသာ လိုအပ်ချက်ရှိနေပြီး လက်ရှိ ပရီးမီးယားလိဂ်တွင် ခံစစ်ပိုင်းအဆိုးရွားဆုံး အသင်းများ၌ ပါဝင်နေသည့်အတွက် နည်းပြဆိုးလ်ရှားက လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းခံစစ်ပိုင်းကို အဓိကထား ပြင်ဆင်လိုနေခြင်းဖြစ်သည်။

ဆီဗီလာအသင်းကလည်း တိုက်စစ်ပိုင်းတွင် လိုအပ်ချက်များ ရှိနေသည့်အတွက် ကာဗာနီကို ခေါ်ယူလိုနေသဖြင့် မန်ယူအသင်းက ကာဗာနီကို အပြောင်းအရွှေ့ကာလတွင် အသုံးချပြီး ကွန်ဒီကို ခေါ်ယူရန်ပြင်ဆင်လာခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလကလည်း ကွန်ဒီကို ကမ်းလှမ်းရန် ပြင်ဆင်ခဲ့ဖူးပြီးနောက်ပိုင်းတွင်  ရီးယဲလ်မက်ဒရစ်အသင်းမှ ဗာရာနီကို ခေါ်ယူခဲ့သည့်အတွက် ကွန်ဒီကို လက်လွှတ်ခဲ့သော်လည်း လက်ရှိတွင် အသင်းခံစစ်ပိုင်းမှာ သိသိသာသာ လိုအပ်ချက်များ ရှိနေသောကြောင့်ကွန်ဒီကို  ဒုတိယအကြိမ်  ကမ်းလှမ်းမှုများပြုလုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။