ကိုပါအမေရိကဖလား ချန်ပီယံနှင့် ယူရို ၂ဝ၂ဝ ချန်ပီယံ အသင်းတို့ ကစားမည့် စူပါဖလား ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်း၌ ကျင်းပမည်

ကိုပါအမေရိကဖလား ချန်ပီယံနှင့် ယူရို ၂ဝ၂ဝ ချန်ပီယံ အသင်းတို့ ကစားမည့် စူပါဖလား ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်း၌ ကျင်းပမည်

ကိုပါအမေရိကဖလား ချန်ပီယံအသင်းနှင့် ယူရို ၂ဝ၂ဝ ချန်ပီယံအသင်းတို့ ကစားမည့်    စူပါဖလား ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ ဝင်ဘလေအားကစားကွင်း၌ ၂ဝ၂၂ ခုနှစ် ဇွန်လတွင် ကျင်းပရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ယူရို ၂ဝ၂ဝ ပြိုင်ပွဲနှင့် ကိုပါအမေရိကဖလား ပြိုင်ပွဲ တို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျင်းပပြီးစီးခဲ့ရာ ယူရို ၂ဝ၂ဝ ချန်ပီယံဆုကို အီတလီအသင်းက အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့ကာ ဆွတ်ခူးနိုင်ခဲ့ပြီး ကိုပါအမေရိကဖလား ချန်ပီယံဆုကို အာဂျင်တီးနား အသင်းက ဘရာဇီးအသင်းကို အနိုင်ရရှိခဲ့ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကာ ပထမဆုံး အကြိမ်အဖြစ် မတူညီသည့် တိုက်ကြီးနှစ်ခုမှ ချန်ပီယံနှစ်သင်း စူပါဖလားဗိုလ်လုပွဲ အမည်ဖြင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ယူရို ၂ဝ၂ဝ ပြိုင်ပွဲနှင့် ကိုပါအမေရိက ဖလားပြိုင်ပွဲအပြီးတွင်  တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ပထမဆုံး အကြိမ်အဖြစ် ယူရို ၂ဝ၂ဝ ချန်ပီယံအသင်းနှင့် ကိုပါအမေရိကဖလား ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားရန် ဥရောပဘောလုံး အဖွဲ့ချုပ်ထံ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှု ကို ဥရောပဘောလုံးအဖွဲ့ချုပ်က သဘောတူ လက်ခံခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)ထံတင်ပြခဲ့ရာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကလည်း ခွင့်ပြုသည့် အတွက် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

စူပါဖလားဗိုလ်လုပွဲ ကျင်းပရန် အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် FIFA အသိအမှတ်ပြု နိုင်ငံတကာပွဲစဉ် ကာလဖြစ်သည့် ၂ဝ၂၂ ခုနှစ် ဇွန်လတွင် အင်္ဂလန်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။