ဆော်ဒီအာရေဗျက အရည်အချင်းရှိသော အခြားနိုင်ငံသားများကို နိုင်ငံသား ဖြစ်ခွင့်ပေးနေ

ဆော်ဒီအာရေဗျက အရည်အချင်းရှိသော အခြားနိုင်ငံသားများကို နိုင်ငံသား ဖြစ်ခွင့်ပေးနေ

ဆော်ဒီအာရေဗျသည် ဆရာဝန်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တက္ကသိုလ် ဆရာများအပါအဝင် အရည်အချင်းရှိသော အခြားနိုင်ငံသားများကို နိုင်ငံသားဖြစ်ခွင့်ပေးနေကြောင်း သိရသည်။

ထို့ကြောင့် ဆော်ဒီအာရေဗျနိုင်ငံသည် ပင်ကိုစွမ်းရည်ရှိသည့် နိုင်ငံခြားသားများကို နိုင်ငံအတွင်း၌ နိုင်ငံသားဖြစ်ခွင့်ပေးသည့် အစီအစဉ်စတင်သော  ဒုတိယမြောက် ပင်လယ်ကွေ့နိုင်ငံဖြစ်လာသည်။

ဆော်ဒီအာရေဗျအစိုးရ၏  ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအရ  နိုင်ငံတိုးတက်ရေးတွင် ပါဝင်ကူညီမည့် ကျွမ်းကျင် ပညာရှင်များနှင့် ပါရမီရှိသူများကို နိုင်ငံသားဖြစ်ခွင့်ပြုမည့် တော်ဝင်အမိန့်ကို မကြာသေးမီက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျရှိ ပြည်ပနိုင်ငံသားများသည်  ပုံမှန်အားဖြင့် သက်တမ်းတိုးဗီဇာများကို နှစ်အနည်းငယ်သာရရှိပြီး ထိုသို့ သော ဗီဇာရရှိသူများသည်လည်း  နိုင်ငံအတွင်း အလုပ်ရှိသူဖြစ်ရမည်ဖြစ်သည်။

ပြည်ပနိုင်ငံသားများကို နိုင်ငံသားဖြစ်ခွင့်ပေးရေး အစီအစဉ်သည် ဆေးပညာ၊ သိပ္ပံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် နည်းပညာ အပါအဝင်   ကျွမ်းကျင်သူ အသီးသီးကို အစ္စလာမ်မစ် ပညာသင်ဆုဖြင့် ရှာဖွေမည်ဖြစ်ပြီး ၂ဝ၃ဝ မျှော်မှန်းချက်ပါ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ထူးခြားသော ပါရမီရှင်များကို ပျိုးထောင်ပေးမည်ဖြစ်သည်။

၂ဝ၃ဝ  မျှော်မှန်းချက်သည်  ဆော်ဒီအာရေဗျနိုင်ငံ၏ စီးပွားရေးက ရေနံအပေါ် မှီခိုနေရမှုကိုလျှော့ချရန်နှင့် အလုပ်အကိုင် များဖန်တီးရန်  ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ခုဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့် ပြည်ပအရင်းအနှီးနှင့် ပါရမီရှင်တို့အတွက် ယှဉ်ပြိုင်ရာနေရာနှင့် ဒေသတွင်း ကုန်သွယ်ရေး ဗဟိုချက်ဖြစ်လာစေရေး ကြိုးပမ်းဆောင်

ရွက်နေကြောင်း သိရသည်။