ပင်လယ်နက်အတွင်း အမေရိကန်ဦးဆောင် စစ်ရေးလေ့ကျင့်မှုက ရုရှားနှင့် ဗြွှဥ တို့ကြား တင်းမာမှုမြင့်တက်စေဟုဆို

ပင်လယ်နက်အတွင်း အမေရိကန်ဦးဆောင် စစ်ရေးလေ့ကျင့်မှုက ရုရှားနှင့် ဗြွှဥ တို့ကြား တင်းမာမှုမြင့်တက်စေဟုဆို

ပင်လယ်နက်ဒေသအတွင်း အမေရိကန် ဦးဆောင်သော ရန်စသည့် စစ်ရေးလေ့ကျင့်မှုများသည် ရုရှားနှင့် NATO တပ်ဖွဲ့တို့ကြား တင်းမာမှုများကို   မြင့်တက်စေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က  ပြင်သစ်သမ္မတ အမ်မန်နျူယယ်မက်ခရွန်ကို နိုဝင်ဘာ ၁၅ ရက်တွင်ပြောသည်။

ခေါင်းဆောင်နှစ်ဦး အနေဖြင့် ယူကရိန်း နိုင်ငံအရှေ့ပိုင်း၌ ဆိုးဝါးလာသော အခြေအနေနှင့်ပတ်သက်၍ စိတ်နှလုံးမသာယာမှုများကို အသီးသီး ထုတ်ဖော်ပြောဆိုကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်သည်။

အနောက်နိုင်ငံများက ယူကရိန်းနိုင်ငံ အနီး  ရုရှား၏စစ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ သတိပေးလှုံ့ဆော်ပြီးနောက် ပူတင်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြင်သစ်အနေဖြင့် ယူကရိန်း၏ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန် အသင့်ရှိကြောင်း    အမ်မန်နျူယယ် မက်ခရွန်က ပူတင်ကိုပြောသည်ဟု Elysee သတင်းဌာနက ဖော်ပြထားသည်။

ပင်လယ်နက်၌ပြုလုပ်သော အမေရိကန်နှင့် အခြား NATO တပ်ဖွဲ့စစ်သင်္ဘောများ၏ စစ်ရေး လေ့ကျင့်မှုသည်   ပြင်းထန်သော စိန်ခေါ်မှုဖြစ်ကြောင်း ရုရှားအနေဖြင့် ယူဆထားသည်ဟု  ပူတင်က ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း ပြောထားသည်။

ထို့ပြင် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနသည်  ပင်လယ်နက်၌ မစီစဉ်ထားသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် အဆိုပြုထားကြောင်း၊ သို့သော် ထိုအစီအစဉ်သည် မသင့်လျော်ကြောင်းနှင့်  အခြေအနေများ ထပ်မံတင်းမာစေရန်   မလိုအပ်ကြောင်း ပူတင်က နိုင်ငံပိုင် သတင်းဌာနသို့ပြောသည်ဟု သိရသည်။