ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်ကို တစ်နှစ်ထပ်မံသက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ရီးယဲလ်မက်ဒရစ်အသင်း သဘောတူညီမှုရရှိ

ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်ကို တစ်နှစ်ထပ်မံသက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ရီးယဲလ်မက်ဒရစ်အသင်း သဘောတူညီမှုရရှိ

မက်ဒရစ်၊ ဘောလုံး

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းမှ ဝါရင့်ကွင်းလယ်ကစားသမားမိုဒရစ်ကို တစ်နှစ်ထပ်မံသက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၆ နှစ်အရွယ် မိုဒရစ်သည် ၂၀၁၂ ခုနှစ်သြဂုတ်လက စပါးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့၍ အသင်းနှင့် အတူ ဆယ်စုနှစ်တစ်ခုခန့်ကစားခဲ့ကာ  ချန်ပီယံဆုဖလားများစွာဆွတ်ခူးနိုင်သူဖြစ်ပြီး  လက်ရှိအချိန်ထိ အဓိကကွင်းလယ်ကစား သမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။

မိုဒရစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီကုန်က အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့်  အသင်းမှ ထွက်ခွာရန် သတင်းထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းက တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ယခုဘောလုံးရာသီအကုန်တွင် မိုဒရစ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ပြီးခဲ့ သည့်ရက်ပိုင်းအတွင်းက ဆွေးနွေးမှုများ စတင်ပြုလုပ်ပြီးနောက် ယခုအခါ နောက်ထပ်တစ်နှစ်ထပ်မံသက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း အပြီးသတ် လက်မှတ်ရေးထိုးပြီး  အတည်ပြုထုတ်ပြန်ဖွယ်ရှိကြောင်း သိရသည်။               

Ref;Marca