ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအခြေအနေကြောင့် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ကွင်းလယ် ကစားသမားဒီဂျောင်းကို ရောင်းချရန်ပြင်ဆင်

ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအခြေအနေကြောင့် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ကွင်းလယ် ကစားသမားဒီဂျောင်းကို ရောင်းချရန်ပြင်ဆင်

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အခြေအနေကြောင့် ကစားသမားသစ်များခေါ်ယူအင်အား ဖြည့်တင်းရန်  ခက်ခဲနေသဖြင့်   လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှကွင်းလယ်ကစားသမားဒီဂျောင်းကို ရောင်းချရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် အဓိကကစားသမားမက်ဆီကို လက်လွှတ်ခဲ့ရပြီး ကစားသမားအများစုကိုလည်း လုပ်ခလစာလျှော့ချ နိုင်ခဲ့သည့်အတွက် ဒေဝါလီခံရမည့်အရေးမှ လွတ်မြောက်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ဆက်လက် တွေ့ကြုံနေရသည်။

ဘာစီလိုနာအသင်းနည်းပြသစ်အဖြစ် ဇာဗီကိုခန့်အပ်ပြီးနောက် ဇာဗီကအသင်းကိုပြန်လည် တည်ဆောက်လိုပြီး  လာမည့် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလနှင့် နွေရာသီကစားသမားအပြောင်းအရွှေ့ ကာလတို့တွင် ကစားသမားအင်အားဖြည့် တင်းလို ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီကလက်ရှိတွင် မက်ဆီ၏နေရာ၌အစားထိုးရန်အတွက် လီဗာပူးအသင်းနှင့် သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် အဆင်မပြေဖြစ်နေသည့် တိုက်စစ်မှူး ဆာလက်ချ်ကိုခေါ်ယူ ရန်စီစဉ်နေပြီး ဆာလက်ချ်ကိုခေါ်ယူမည်ဆိုပါက     မြင့်မား သည့် ပြောင်းရွှေ့ကြေးတစ်ရပ် အသုံးပြုရမည်ဖြစ်သည့်အတွက် ပြောင်းရွှေ့ကြေးစရိတ် အလုံအလောက်ရရှိရန်အတွက် ဒီဂျောင်းကို ရောင်းချနိုင်ရေး ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref;90Min