မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင် ဝုဗ်အသင်း၌ ခြေစွမ်းပြနေသည့် ဟီချန်ဟွမ်ကို အပြိုင် ကမ်းလှမ်းရန်စီစဉ်

မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင် ဝုဗ်အသင်း၌ ခြေစွမ်းပြနေသည့် ဟီချန်ဟွမ်ကို အပြိုင် ကမ်းလှမ်းရန်စီစဉ်

လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့က ဝုဗ်အသင်း၌ ခြေစွမ်းပြနေသည့် တိုက်စစ်ကစားသမား ဟီချန်ဟွမ်ကို အပြိုင်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် ဟီချန်ဟွမ်ကို ပြီးခဲ့သည့် နွေရာသီ  ကစားသမား အပြောင်းအရွှေ့ ကာလက လိုက်ပဇစ်အသင်းမှ တစ်နှစ်အငှားစာချုပ် ချုပ်ဆို၍    ခေါ်ယူထားခြင်းဖြစ်ပြီး   ယခုဘောလုံးရာသီတွင် ဝုဗ်အသင်းနှင့်အတူ  ရှစ်ပွဲအထိပါဝင် ကစားထားကာ လေးဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ ကာလတွင် အဂူရိုထွက်ခွာခဲ့ပြီးနောက် ကစားသမား အင်အားဖြည့်တင်းမှု မပြုလုပ်ခဲ့သဖြင့် အသင်း တိုက်စစ်ပိုင်းတွင် ရုန်းကန်နေရသည့် အတွက် လာမည့်ဇန်နဝါရီ  ကစားသမား အပြောင်းအရွှေ့ကာလတွင်အသင်းတိုက်စစ်ပိုင်းကို မဖြစ်မနေအင်အား ဖြည့်တင်းလိုနေခြင်းဖြစ်သည်။

အလားတူ  လီဗာပူးအသင်းကလည်း  လာမည့်ဇန်နဝါရီလအတွင်း အဓိက ကစားသမားများ ဖြစ်သည့် မာနေးနှင့်  ဆာလက်ချ်တို့ကို   သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင် အသင်းများထံ  လက်လွှတ်ရမည် ဖြစ်သောကြောင့်  ၎င်းတို့နေရာ၌  အစားထိုး လိုနေသည့် အတွက်  ဟီချန်ဟွမ်ကို  ခေါ်ယူလိုနေခြင်း ဖြစ်ကြောင်း သိရသည်။