အမေဇုန် သစ်တောပြုန်းတီးမှုက ၁၅ နှစ်အတွင်း အမြင့်ဆုံးဖြစ်လာ

အမေဇုန် သစ်တောပြုန်းတီးမှုက ၁၅ နှစ်အတွင်း အမြင့်ဆုံးဖြစ်လာ

ဘရာဇီးနိုင်ငံအတွင်းရှိ    အမေဇုန်သစ်တောပြုန်းတီးမှုက ၁၅ နှစ်အတွင်း အမြင့်ဆုံးဖြစ်လာကြောင်း အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေဇုန်သစ်တောပြုန်းတီးမှု ပမာဏသည် ၁၃၂၃၅ စတုရန်း ကီလိုမီတာအထိ ရှိလာပြီဖြစ်ပြီး ထိုပမာဏသည် နယူးယောက် မြို့အရွယ်အစား၏ ၁၇ ဆရှိကြောင်း ဘရာဇီးအာကာသ သုတေသနဌာနက  ထုတ်ပြန်သော ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရသည်။

လက်ရှိသမ္မတအနေဖြင့်   အမေဇုန်သစ်တောကို ကာကွယ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုထားသော်လည်း   တစ်ဖက်တွင် သစ်တောကြိုးဝိုင်းအတွင်း သတ္တုတူးဖော်မှုများနှင့် စီးပွားဖြစ် စိုက်ပျိုးရေးများ လုပ်ဆောင်ရန် တွန်းအားပေးနေခြင်းက သစ်တောပြုန်းတီးမှုကို ပိုမိုဆိုးဝါးလာစေခြင်းဖြစ်သည်။

အမေဇုန်မိုးသစ်တောသည်    ကမ္ဘာ့အကြီးဆုံး မိုးသစ်တောဖြစ်ပြီး ထိုသစ်တော၏ နယ်မြေအများစုကို ဘရာဇီးနိုင်ငံက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ကမ္ဘာ့အဆုတ်ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် အမေဇုန်မိုးသစ်တောသည် ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ အများအပြားကို စုပ်ယူပေးရာနေရာလည်း ဖြစ်သည်။