ဟောင်ကောင်က ဆိုင်နိုဗက်ကာကွယ်ဆေးကို အသက် ၃ နှစ်အထက်ကလေးများအား ထိုးပေးရန်ခွင့်ပြု

ဟောင်ကောင်၊ ကျန်းမာရေး

ဟောင်ကောင်က ဆိုင်နိုဗက်ကာကွယ်ဆေးကို အသက် ၃ နှစ်အထက်ကလေးများအား ထိုးပေးရန်ခွင့်ပြု

ဟောင်ကောင်အစိုးရက တရုတ်ပြည်တွင်းဖြစ် ဆိုင်နိုဗက်ကာကွယ်ဆေးကို အသက် ၃ နှစ်အထက်ကလေးများအား ထိုးပေးရန်ခွင့်ပြု ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခင်က အဆိုပါကာကွယ်ဆေးကို အသက်  ၁၈ နှစ်အထက်များတွင်သာ ထိုးပေးရန်ခွင့်ပြုခဲ့ ခြင်းဖြစ်ပြီး ယခုမှ အသက် ၃ နှစ်အထက်များအားထိုးပေးရန်ခွင့်ပြုခြင်းဖြစ်သည်။

သို့သော် အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားရှိသူများကို ဦးစားပေးအနေဖြင့် ထိုးပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးရရှိမှု အပေါ် မူတည်၍ အသက်ငယ်အုပ်စုများကို ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်း ဟောင်ကောင်အစားအစာနှင့် ကျန်းမာရေးဝန်ကြီးက နိုဝင်ဘာ ၂၀ ရက်တွင်  ပြောသည်။

ကျန်းမာရေးကာကွယ်မှုဌာနမှ ကျွမ်းကျင်ပညာရှင်များကလည်း ယခုကဲ့သို့ ကာကွယ်ဆေးထိုးနိုင်သည့် အသက်ကန့်သတ်ချက် လျှော့ချခြင်းကို ကြိုဆိုထောက်ခံထားသည်။ ဟောင်ကောင်၌ဆောင်ရွက်နေသော ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကာကွယ်ဆေး တစ်လုံးကိုမျှမထိုးလိုသော အရွယ်ရောက်ပြီး သူများပြားလာမှုနှင့် ရင်ဆိုင်နေရစဉ် ကလေးများကို ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါဒေသ၌ ဖေဖော်ဝါရီလမှစ၍ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သော်လည်း ယခုအချိန်အထိ  ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုး ပြီးသူ ၆၀ ရာခိုင်နှုန်းသာရှိသည်။ ကလေးများအား ကာကွယ်ဆေးထိုးပေးခြင်းသည် ၎င်းတို့ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် နိုင်စေမည်သာမက ကျောင်းများကို ပုံမှန်အတိုင်းပြန်တက်ပြီး ပုံမှန်ဘဝနေထိုင်မှုသို့ အမြန်ဆုံးပြန်ရောက် နိုင်စေမည်ဖြစ်ကြောင်း    ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။                          

Ref: TST