အိန္ဒိယ၌ ရုတ်တရက်ရေကြီးမှုကြောင့် ဘတ်စကားသုံးစီးရေထဲမျောပါမှုဖြစ်ပွား

နယူးဒေလီ၊ သဘာဝဘေး

အိန္ဒိယ၌ ရုတ်တရက်ရေကြီးမှုကြောင့် ဘတ်စကားသုံးစီးရေထဲမျောပါမှုဖြစ်ပွား

အိန္ဒိယနိုင်ငံတောင်ပိုင်း၌ နိုဝင်ဘာ ၁၉ ရက်တွင် ရုတ်တရက်ရေကြီးမှုဖြစ်ပွားခြင်းကြောင့် ဘတ်စကားသုံးစီးရေ စီးအတိုင်း မျောပါမှုဖြစ်ပွားကြောင်းနှင့် သေဆုံးသူနှင့်ပျောက်ဆုံးသူ အယောက် ၃၀ ခန့်ရှိကြောင်း နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရေကြီးမှုသည် အန်ဒရာပရာဒေ့ပြည်နယ်၌ဖြစ်ပွားခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့က ရေစီးအတိုင်းမျောပါသွားသော ဘတ်စကား သုံးစီးမှ ရုပ်အလောင်း    ၁၂ လောင်းကို နိုဝင်ဘာ ၁၉ ရက်တွင်ဆယ်ယူနိုင်သည်။ သို့သော် ပြည်နယ်အတွင်းရှိ အခြားသူ ၁၈ ဦးမှာ ရုတ်တရက်ရေကြီးမှုအတွင်း ပျောက်ဆုံးနေကြောင်း The News Minute သတင်းဌာနက ဖော်ပြထားသည်။

ကီရာလာပြည်နယ်ရှိတာဝန်ရှိသူများကလည်း နိုဝင်ဘာ ၁၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားကျောင်းတစ်ခုဖြစ်သည့် ဆာဘရီမာလာကို ဝင်ခွင့်ပိတ်လိုက်သည်။ အဆိုပါပြည်နယ်၌ ပြီးခဲ့သည့်လက     မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၄၂ ဦးသေဆုံးသည်။အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလကတည်းက ယခုအချိန်ထိ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့်   လူဒါဇင်ပေါင်းများစွာသေဆုံးထားသည်။

တောင်အာရှဒေသ၌   ဖြစ်ပွားသော မမျှော်မှန်းနိုင်သည့်အပြင် အလွန်ပြင်းထန်သော သဘာဝဘေးများသည် ရာသီဥတုပြောင်းလဲမှု ကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ရေတားတမံများတည်ဆောက်ခြင်း၊ သစ်တောပြုန်းတီးခြင်း၊ အလွန်အမင်းဖွံ့ဖြိုးတိုးတက်ခြင်းတို့ကြောင့်    ထိုသဘာဝဘေးများကို ပိုမိုဆိုးရွားစေခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

Ref: TST