ဗြိတိသျှက ခိုးယူသွားသောရှေးဟောင်းပစ္စည်းများပြန်ပေးမှု အီသီယိုးပီးယားကြိုဆိုဂုဏ်ပြု

အဒစ်အဘားဘား၊ ရှေးဟောင်းပစ္စည်း

ဗြိတိသျှက ခိုးယူသွားသောရှေးဟောင်းပစ္စည်းများပြန်ပေးမှု အီသီယိုးပီးယားကြိုဆိုဂုဏ်ပြု

လွန်ခဲ့သော   နှစ်ပေါင်း ၁၅၀ ခန့်က ဗြိတိသျှစစ်သားများ   ခိုးယူသွားသော ရှေးဟောင်းပစ္စည်းများကို ဗြိတိန်အစိုးရက ပြန်ပေးမှုအပေါ်  အီသီယိုးပီးယားက နိုဝင်ဘာ ၂၀ ရက်တွင်   ကြိုဆိုဂုဏ်ပြုကြောင်း သိရသည်။

ဗြိတိန်၊ ဘယ်ဂျီယံနှင့် နယ်သာလန်နိုင်ငံတို့မှ ပြန်ရသည့် အဆိုပါရှေးဟောင်းပစ္စည်းများတွင် နန်းသုံးသရဖူတစ်ခု၊ ဧကရာဇ်၏ ဒိုင်းတစ်ခု၊ ငွေရောင်ဖောင်းကြွပါ ဦးချိုသောက်ရေခွက်များ၊ လက်ရေးဖြင့်ရေးထားသော ဘုရားရှိခိုးစာအုပ်တစ်အုပ်၊ လက်ဝါး ကပ်တိုင်များ နှင့် လည်ဆွဲတစ်ခုတို့ပါဝင်သည်။

ဗြိတိသျှစစ်သားများသည် ၁၈၆၈ ခုနှစ် မက်ဒါလာတိုက်ပွဲတွင် ဘုရင်တီဝိုဒရို ၂ ကိုတိုက်ခိုက်အောင်မြင်ပြီးနောက် အဆိုပါ ပစ္စည်းများကို အတင်းအဓမ္မလုယူသွားခြင်းဖြစ်သည်။

အီသီယိုးပီးယားအစိုးရသည် အဆိုပါရှေးဟောင်းပစ္စည်းများကို ပြန်ရနိုင်ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဗြိတိန် အစိုးရက ထိုပစ္စည်းများကို စက်တင်ဘာလတွင် လန်ဒန်မြို့၌ပြန်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် အီသီယိုးပီးယားအစိုးရက ထိုရှေးဟောင်း ပစ္စည်းများကို နိုဝင်ဘာ ၂၀ ရက်တွင် အမျိုးသားပြတိုက်၌ တရားဝင်ခင်းကျင်း ပြသခြင်းဖြစ်ကြောင်း သိရသည်။

Ref: TST